အဝေးထိန်းမိုင်းပေါက်ကွဲ၍ဓမ္မာရုံရေစက်ချပွဲမှပြန်လာသည့် တေးဂီတအဖွဲ့များလိုက်လာသောကားပေါ်မှ အမျိုးသမီး ၁ ဦးဒဏ်ရာရ

0
236

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်ရှိ နွးထိုးကြီး- မြင်းခြံသွားကားလမ်းပေါ်တွင် မတ် ၃၁ ရက်နေ့လည်ပိုင်းက လက်လုပ်အဝေးထိန်းမိုင်းတစ်လုံးပေါက်ကွဲခဲ့၍ ဘုန်းကြီး ကျောင်းဓမ္မာရုံရေစက်ချပွဲမှပြန်လာသည့် တေးဂီတအဖွဲ့များလိုက်လာသည့်ကားပေါ်ရှိ အမျိုးသမီး ၁ ဦးဒဏ်ရာရခဲ့ကြောင်း နစက ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ယမန်နေ့နေ့လည် ၃ နာရီခွဲခန့်က လက်နက်ကိုင်အဖွဲ့ဝင်များထောင် ထားသည့် လက်လုပ်အဝေးထိန်းမိုင်းတစ်လုံးသည် နွားထိုးကြီးမြို့နယ်၊နွားထိုးကြီး-မြင်းခြံသွားကားလမ်းပေါ်ရှိ လျှော်ဖြူကျေးရွာ အနောက်မြောက်ဘက်မီတာ ၈၀၀ ခန့်အကွာ၌ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားချိန်၌ဖြတ်သွားသည့် နွားထိုးကြီးမြို့နယ်၊ဝက်လူးကျေးရွာရှိ ဘုန်းကြီးကျောင်းဓမ္မာရုံရေစက်ချပွဲမှမင်းဘူးမြို့သို့ နွားထိုးကြီး- မြင်းခြံသွားကားလမ်းအတိုင်းပြန်လာသော “ဂီတစက်ဝိုင်း”တေးဂီတအဖွဲ့သား ၁၀ ဦးလိုက်ပါလာသည့် Super Custom ကားပေါ်မှ မင်းဘူးမြို့၊အမှတ်(၁)ရပ်ကွက်နေ ဒေါ်ဇွန်ဇင်ဇင်ထွန်းတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ဒဏ်ရာရတဲ့အမျိုးသမီးကို လုံခြုံရေးအဖွဲ့တွေက နွားထိုးကြီးဆေးရုံပို့ပေးလိုက်တယ်လို့သိထားပါတယ် တခြားထိခိုက်တဲ့လူမရှိဘူးလို့သိထားတယ် ကားကတော့အနည်းအကျဥ်းပျက်စီးသွားတယ် ဖြစ်စဥ်ကိုကျွန်တော်တို့က သွားပြီးကူညီပေးခဲ့ရတာမရှိတဲ့အတွက် ဒီလောက်ပဲသိထားပါတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here