ကလောမြို့နယ်တွင် ကုန်တင်ကားအရှိန်မထိန်းနိုင်ဘဲတိမ်းမှောက် ၂၂ ဦးဒဏ်ရာရ

0
183

ရှမ်းပြည်နယ်၊ကလောမြို့နယ်ရှိ တောင်ကြီး-မိတ္ထီလာသွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မတ် ၃၁ ရက်ည ၈ နာရီ ၁၅ မိနစ်ခန့်က ကုန်စည်များနှင့်လူများလိုက်ပါလာသည့် ကုန်တင်ကားသည် ကလောမြို့နယ်၊ဝက်ဖြူရေကျေးရွာအုပ်စုရှိ တောင်ကြီး- မိတ္ထီလာသွား ပြည်ထောင်စုလမ်းမကြီး၏ မိုင်တိုင်အမှတ်(၅၆/၇)နှင့်(၅၇/၀)ကြားတွင်တိမ်းမှောက်သွားခဲ့သည်။

သတင်းအရ ကလောမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“အရှိန်မထိန်းနိုင်ဘဲမှောက်သွားတာလို့ ကနဦးသိထားတာပဲ။ဖြစ်စဥ်အတိအကျကတော့ ယာဥ်ထိန်းကပဲသိလိမ့်မယ်။ ဒဏ်ရာရတဲ့လူများတယ်။ အကုန်လုံးကတော့ မစိုးရိမ်ရတွေပါပဲ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ကုန်တင်ကားတိမ်းမှောက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသား ၁၂ ဦးနှင့်အမျိုးသမီး ၁၀ ဦး(စုစုပေါင်း ၂၂ ဦး)တို့တွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ကလောစေတနာမွန်လူမှုကူညီရေးအသင်း၊ကလောကြက်ခြေနီအသင်းနှင့်အောင်ပန်းနာရေးကူညီရေးအသင်းတို့မှ ကလောမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here