အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ယူကရိန်းအား ကန်ဒေါ်လာ ၁၅ ဒသမ ၆ ဘီလျံ ထောက်ပံ့ငွေချပေး

0
169

ဝါရှင်တန်၊ဧပြီ ၁

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သည် ပဋိပက္ခဖြစ်ပွားနေသော ယူကရိန်း၏ စီးပွားရေးပြန်လည်နာလန်ထူလာရန် ကန်ဒေါ်လာ ၁၅ ဒသမ ၆ ဘီလျံ ထောက်ပံ့ရေးအစီအစဉ်ကိုအတည်ပြုလိုက်ကြောင်း မတ်လ ၃၁ ရက်ကထုတ်ပြန်ခဲ့သည်။

ရုရှား၏ကျူးကျော်မှုသည် ယူကရိန်းစီးပွားရေးကို ထိခိုက်စေခဲ့ပြီး ယမန်နှစ်နှင့်ယှဉ်ပါက ၃၀ ရာခိုင်နှုန်းခန့်ကျဆင်းသွားစေသည်။ထို့ကြောင့်၎င်း၏ အရင်းအနှီး၊အစုရှယ်ယာအများအပြားလည်းပျက်စီးကာ ဆင်းရဲမွဲတေမှုပိုများခဲ့ကြောင်း IMF ကပြောကြားခဲ့သည်။

စစ်ပွဲဖြစ်ပွားမှုသည် ကမ္ဘာ့စီးပွားရေးအား မတည်မငြိမ်ဖြစ်စေကာ ဂျုံနှင့်ရေနံဈေးနှုန်းများ မြင့်တက်လာပြီး ကမ္ဘာ့ငွေကြေးဖောင်းပွမှုကိုလည်းဖြစ်စေခဲ့သည်။

ယူကရိန်းအား IMF ကပံ့ပိုးပေးသည့် ရည်ရွယ်ချက်မှာ နိုင်ငံ့စီးပွားရေးငွေကြေးတည်ငြိမ်မှုနှင့် စီးပွားရေးပြန်လည်ဦးမော့လာစေရန် ပံ့ပိုးပေးမည့်မူဝါဒများ ချမှတ်ရန်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

IMF က အတည်ပြုထားသော စုစုပေါင်းပမာဏအနက် ကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံကို ယူကရိန်းအားချက်ချင်းပေးမည်ဖြစ်ပြီး ကျန်ငွေများကို လာမည့်လေးနှစ်အတွင်း ထုတ်ပေးမည်ဖြစ်ကြောင်းသိရသည်။

Source – AFP


LEAVE A REPLY

Please enter your comment!
Please enter your name here