အောင်ဘာလေသိန်း ၅၀၀၀ အထူးဆုကြီးကို မိုးယံမှ ဆွတ်ခူးရရှိ

0
158

ယနေ့ဧပြီလ (၁) ရက်တွင် ၄၉ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီဖွင့်ပွဲ၌ သိန်း ၅၀၀၀ အထူးဆုကြီးကို မိုးယံကဆွတ်ခူးရရှိသွားသည်။

မတ်လတွင် ရောင်းရသည့်ထီစာအုပ်သည် ဖေဖော်ဝါရီလထက်ပိုမိုရောင်းချနိုင်ခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှဖော်ပြထားသည့် အချက်အလက်များအရ သိရသည်။

အဆိုပါ ကျပ် ၁၀၀၀ တန် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီစာအုပ်ပေါင်း ၅၂၀၀၀၀ ကျော်ရောင်းချခဲ့ပြီး ထီလက်မှတ်ရောင်းရငွေမှာ ၅ ဒသမ ၂ ဘီလီယံရရှိထားခြင်းဖြစ်သည်။ ယင်းရောင်းရငွေ ၇၀ ရာခိုင်နှုန်းမှ ကျပ်သိန်း (၅၀၀၀) ဆု ၁ ဆု၊ ကျပ်သိန်း(၁၀၀၀) ဆု ၁ ဆုနှင့် ဆုတစ်ဆုချင်းစနစ်ဖြစ်သည့် ကျပ်သိန်း(၅၀၀)၊ကျပ်သိန်း (၂၀၀)၊ ကျပ်သိန်း(၁၀၀)၊ ကျပ်သိန်း (၅၀) ၊ ကျပ်သိန်း(၂၀) ၊ ကျပ်သိန်း (၁၀) နှင့် ဝဝေဆာဆာပဒေသာစုမဲများ ဖြစ်သည့် ကျပ် (၃) သိန်း၊ ကျပ် (၂) သိန်း၊ကျပ် (၁)သိန်း၊ကျပ် (၅) သောင်းနှင့် ကျပ် (၁) သောင်းဆုတို့ပါဝင်ကြောင်းသိရသည်။

ဘဏ္ဍာသိမ်းရငွေထဲမှ ကျပ် ၁၃၈ သန်းကျော်ကို ကျပ် (၁၀) သိန်း၊ ကျပ် (၃) သိန်း၊ ကျပ် (၂) သိန်း စုစုပေါင်း ဆုမဲအရေအတွက် ၁၁၅၃ ဆုပါဝင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here