ယခုနှစ်ဆန်းပိုင်းတွင် နိုင်ငံတကာခရီးသွားဦးရေ ၆၀၀၀၀ ကျော်ဝင်ရောက်ခဲ့

0
137

ပြည်တွင်းသို့ ၂၀၂၃ ခုနှစ်နှစ်ဆန်းပိုင်းတွင် နိုင်ငံတကာခရီးသွားဦးရေ ၆၀၀၀၀ ကျော်ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဇန်နဝါရီလတွင် ၁၆၇၇၄ ဦး၊ ဖေဖော်ဝါရီလတွင် ၂၂၀၃၈ ဦးနှင့် မတ်လတွင် ၂၂၀၀၀ ဦးစုစုပေါင်း ၆၀၈၁၂ ဦးဖြစ်ကြောင်း၊ အဆိုပါ ပြည်ပခရီးသွားဧည့်သည်များသည် ရန်ကုန်၊ပဲခူး-တိုက်ကြီး-သန်လျင်-ကျောက်တန်းစသည့် ရန်ကုန်မြို့အနီးဝန်းကျင်ကို သွားရောက်လည်ပတ်မှုရှိကြောင်း သိရသည်။

ယင်းအပြင် ခရီးသွားရာသီ၏ နောက်ဆုံးလဖြစ်သည့် ဧပြီလတွင် ပြည်ပခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ ခန့်မှန်းထားသည်။

ကိုဗစ်-၁၉ ကာလအတွင်းခရီးသွားလုပ်ငန်းကိုရပ်နားခဲ့ပြီး ၂၀၂၁ ခုနှစ်တွင်ပြန်လည်ဖွင့်လှစ်ပေးခဲ့ကာ ပုဂံဒေသသို့ ပြည်တွင်းခရီးသွားအမြင့်ဆုံး ကိုဗစ်ကာလကတည်းက ၂ နှစ်ကျော်ကြာ ရပ်နားထားရသည့် ခရီးသွားလုပ်ငန်းသည် ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလကစပြီး ပြည်တွင်း၊ ပြည်ပခရီးသွား အနည်းငယ် တက်လာခဲ့ပြီး ပြည်တွင်းခရီးသွားများအနေဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလ ပိတ်ရက်ကာလတွင် ပုဂံ၊ ချောင်းသာ၊ ငွေဆောင်၊ ပြင်ဦးလွင် စသည့်နေရာတွေနှင့် ရှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး-အင်းလေး-ကလော ဒေသတွေကိုလည်း သွားရောက်လည်ပတ်မှုများရှိခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here