စီးပွားရေးဆိုင်ရာဂြိုဟ်တုများကို တရုတ် အွန်လိုင်းဆိုင်များတွင် စတင်ရောင်းချ

0
173

တရုတ်နိုင်ငံမှ Taoboa အွန်လိုင်းရှော့ပင်ဆိုင်အပါအဝင် အချို့သော အွန်လိုင်းဆိုင်များတွင် အာကာသတွင်းသို့လွှတ်တင်ရန် စီးပွားဖြစ်ဂြိုဟ်တုများကို စတင်ရောင်းချနေပြီဖြစ်ကြောင်းသိရသည်။

သာမန်လူများနှင့်မနီးစပ်ဟုထင်ရသော ယင်းကဲ့သို့ တန်ဖိုးကြီးထုတ်ကုန်များကို အွန်လိုင်းတွင်ရောင်းချခြင်းက တရုတ်နိုင်ငံတွင် အလုပ်ဖြစ်နေသည့် စီးပွားရေးဆိုင်ရာ ဂြိုဟ်တုလွှတ်တင်ခြင်းကဏ္ဍကို ထင်ဟပ်နေကြောင်း စက်မှုနည်းပညာလေ့လာသူများကဆိုသည်။

Taobao အွန်လိုင်းရှော့ပင်ဆိုင်တွင် တင်ထားသော ဂြိုဟ်တုတစ်လုံးမှာ ယွမ်ငွေ ၂သန်း(ကန်ဒေါ်လာ ၂၉၁၀၅၃ ခန့်)ရှိပြီး၊ Commsat ဟူသည့် တရုတ်နိုင်ငံ စီးပွားရေးဆိုင်ရာဂြိုဟ်တုထုတ်လုပ်ရေးကုမ္ပဏီက သူ၏ အွန်လိုင်းဆိုင်တွင်တင်ထားသော ဂြိုဟ်တုများကမူ ယွမ် ၁သန်း(ကန်ဒေါ်လာ ၁၄၅၁၄၀ ခန့်)မှ စတင်သည်။ ၅ ကီလိုဂရမ်အောက်အလေးချိန်ရှိသော အဆိုပါ ဈေးသက်သာသည့် ဂြိုဟ်တုသည် ဆားကစ်ဘုတ်များတန်းစီပါဝင်ပြီး၊ အာကာသကင်မရာများနှင့် ဆိုလာပြားများလည်းပါဝင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here