သာကေတ စက်မှုဇုန်တွင် Level 1 အဆင့် မီးလောင်မှုဖြစ်ပွား

0
90

ရန်ကုန်တိုင်း၊သာကေတမြို့နယ်အတွင်းရှိ သာကေတစက်မှုဇုန် မြခွာညို (၃) လမ်းတွင် ယနေ့ ဧပြီ (၁) ရက် မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့မွန်းလွဲ (၃) နာရီဝန်းကျင်ခန့်က သာကေတစက်မှုဇုန်၊ မြခွာညို (၃) လမ်းရှိ စက်ရုံတစ်ရုံတွင် မီးလောင်မှုဖြစ် ပွားခဲ့သဖြင့် သာကေတမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသော်လည်း မီးငြိမ်းသွားခြင်း မရှိသည့် အတွက် Level 1 ယာဉ်အုပ်စု ထွက်ခွာ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိဆဲဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“အခုချိန်ထိကျွန်တော်တို့ လောင်ပြင်မှာပဲရှိသေးတယ်။ မီးငြိမ်းသွားပေမယ့် အခြေအနေကို စောင့်ကြည့်နေတုန်းပါ။ ကျွန်တော်တို့က မီးငြိမ်းဖို့အတွက် အာရုံစိုက်နေရတာဆိုတော့ ထိခိုက်ဒဏ်ရာရတဲ့ လူရှိ/မရှိကို သတိမထားမိဘူး၊ အချက်အလက်အပြည့်အစုံကတော့ ပြီးမှပြောလို့ရမယ်။ အခုက လောင်ပြင်ထဲမှာပဲရှိနေသေးတဲ့အတွက် အတိအကျ ပြန်ဖြေဖို့အတွက် အဆင်မပြေသေးပါဘူး”ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိနေသည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here