ယာဉ်ဖောင်းကြွနံပါတ်ပြားအသစ် လဲလှယ်ရန် ဧပြီလကုန်ထိ အချိန်ထပ်တိုးပေး

0
173

မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားအသစ် ပြောင်းလဲတပ်ဆင်ရန် သတ်မှတ်ရက်ကို ဧပြီလကုန်ထိ အချိန်ထပ်မံတိုးမြှင့်ပေးထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မော်တော်ယာဉ်အားလုံး ဖောင်းကြွနံပါတ်ပြားအသစ် လဲလှယ်ရန် မတ်လ ၃၁ ရက်ထိ နောက်ဆုံးထားသတ်မှတ်ပေးထားခဲ့ရာမှ ယခုအခါ သတ်မှတ်ရက်ကျော်လွန်သွားသော်လည်း နံပါတ်ပြားမလဲလှယ်ရသေးသည့်ယာဉ်များကျန်ရှိနေသေးသည်။

ဧပြီလ တစ်လလုံးကို ပညာပေးကာလအဖြစ် သတ်မှတ်ပြီး နံပါတ်ပြားလဲလှယ်မှုကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းပညာပေးကာလ ကျော်လွန်သွားပါက အရေးယူသွားမည်ဖြစ်ပြီး မော်တော်ယာဉ်အားလုံး ဖောင်းကြွနံပါတ်ပြားအသစ် ပြောင်းလဲတပ်ဆင်ကြရန် ထပ်မံအသိပေးထားသည်။

ဖောင်းကြွနံပါတ်ပြားပြောင်းလဲတပ်ဆင်ရန် ရန်ကုန်တွင် YBS ခရီးသည်တင်ယာဉ်တွေသာမက အဝေးပြေးခရီးသည်တင်ယာဉ်များ ၊ကုန်တင်ကားများ၊ တက္ကစီများ မော်တော်ယာဉ်များအားလုံးပါဝင်ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here