ဘာလီရှိအထွတ်အမြတ်ထားရာတောင်ထိပ်၌ အောက်ပိုင်းဗလာကျင်းဖြင့်ဓာတ်ပုံရိုက်ခဲ့သူ ရုရှားခရီးသွားအားပြည်နှင်ဒဏ်ပေး

0
168

ရုရှားအမျိုးသားခရီးသည်တစ်ဦးသည် ၎င်း၏ဘောင်းဘီများကို ခြေကျင်းဝတ်အထိချွတ်ချကာ ဘာလီကျွန်းရှိ အထွတ်အမြတ်ထားရာတောင်ပေါ်၌ရပ်ပြီး ဓာတ်ပုံရိုက်ထားသည့်ပုံသည် လူမှုကွန်ရက်၌ပျံ့နှံ့လာပြီးနောက် ၎င်းအားအင်ဒိုနိုင်ငံက ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်းသိရသည်။

အာဂန်မီးတောင်သည်ဘာလီ၌အမြင့်ဆုံးနေရာဖြစ်ပြီး စကြာဝဠာ၏ဗဟိုဝင်ရိုးဖြစ်သော မာရုတောင်၏ပုံတူဖြစ်သည်ဟုယုံကြည်ကြပြီး အထူးသဖြင့်ဟိန္ဒူဘာသာဝင်များအတွက် အထူးမြင့်မြတ်သည်ဟုယူဆထားသောနေရာဖြစ်သည်။အဆိုပါတောင်သည် ဘာလီ၏အထင်ရှားဆုံး ပူရာဘီဆာကစ်ရှ် ဘုရားကျောင်းတည်ရှိရာတောင်လည်းဖြစ်သည်။

အဆိုပါရုရှားနိုင်ငံသား ယူရီက နောက်ကျောခိုင်းထားသည့် အောက်ပိုင်းဗလာကျင်းပုံသည် လူမှုကွန်ရက်၌ ပျံ့သွားပြီးပြီးချင်းပင် ဘာလီအာဏာပိုင်များက၎င်းအား ထိန်းသိမ်းနိုင်ခဲ့သည်။ ယင်းနောက်၎င်းအားပြည်နှင်ဒဏ်ပေးကာ အင်ဒိုနိုင်ငံဝင်ခွင့်ခြောက်လပိတ်ခံခဲ့ရသည်။

မစ္စတာယူရီကဘာလီအာဏာပိုင်များနှင့် ဒေသခံများအား တောင်းပန်စကားပြောကြားခဲ့ပြီး ၎င်း၌အခြားရည်ရွယ်ချက်မရှိပဲ အမှုမဲ့အမှတ်မဲ့ပြုလိုက်မိခြင်းသာဖြစ်ကြောင်းဆိုခဲ့သည်။ယင်းနောက်၎င်းသည် နိုင်ငံခြားသားများက မသင့်တော်သောအရာ တစ်ခုခုလုပ်ပြီးတိုင်း ဒေသခံများက ပြန်လည်တောင်းပန်သည့်ပွဲကိုလည်းတက်ရောက်ခဲ့ကြောင်းသိရသည်။

Source : The Thaiger


LEAVE A REPLY

Please enter your comment!
Please enter your name here