ကိုရီးယားနိုင်ငံတွင် အလုပ်နေသည့် မြန် မာနိုင်ငံသားများ လုပ်ငန်းခွင်တွင်ရရှိမည့်အခွင့်အရေးများဆုံးရှုံးပါက ACRC သို့တိုင်ကြားနိုင်

0
164

ကိုရီးယားနိုင်ငံ၊အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်ပြည်သူ့အခွင့်အရေးကော်မရှင်(ACRC)မှ တရားဝင်ဖွင့်လှစ်ထားသည့် e-People system မှတဆင့် လုပ်ငန်းခွင်တွင်ရရှိမည့် အခွင့်အရေးဆုံးရှုံးမှုများကို ဝင်ရောက်တိုင်ကြားနိုင်ကြောင်း သိရသည်။

ACRC ဥက္ကဋ္ဌ၏ဖိတ်ကြားချက်အရ မြန်မာသံရုံး၊ဆိုးလ်မြို့၏ သံအမတ်ကြီးဦးသန့်စင်မှ မတ် ၃၁ ရက်ကသွားရောက်တွေ့ဆုံဆွေးနွေးမှုရ
လာဒ်အဖြစ် မြန်မာအလုပ်သမားများအတွက် အခွင့်အလမ်းများရရှိခဲ့ခြင်းဖြစ်သည်။

ACRC ဥက္ကဋ္ဌနှင့်မြန်မာသံအမတ်ကြီးတို့တွေ့ဆုံစဥ် ကိုရီးယားနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ၏ အခွင့်အရေးများနှင့်ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးခဲ့ကြသည်။

ထို့ကြောင့် ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအနေဖြင့် လုပ်ငန်း ခွင်တွင်ရရှိရမည့် အခွင့်အရေးများအမှန်တကယ် ဆုံးရှုံးပါက ACRC မှ တရားဝင်ဖွင့်လှစ်ထားသော e-People system မှတဆင့်ဝင်ရောက်တိုင်ကြားနိုင်ကြောင်း သိရသည်။

e-People system အင်တာနက် Web Page တွင် မြန်မာဘာသာအပါအဝင် ဘာသာစကား ၁၄ မျိုးအနက်ကြိုက်နှစ်သက်ရာကိုရွေးချယ်၍ လမ်းညွှန်ထားသည့်အတိုင်း ဖြည့်စွက်ရေးသားတိုင်ကြားနိုင်ပြီး တိုင်ကြားချက်လက်ခံရရှိပြီးသည်နှင့်(၁၄) ရက်အတွင်း သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်ပြန်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

e-People system အပြင် ဖုန်းဖြင့်ဆက်သွယ်တိုင်ကြားလိုပါကလည်း Call Centre ဖုန်း ၁၁၀ သို့ခေါ်ဆိုဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here