မွန်ပြည်နယ်၌ “လိုရာပြည့်စုံ ကမ္ဘာလုံးစေတီတော်မြတ်ကြီး”တည်ထားရန် နဝရတ်အုတ်မြစ်တော်စီ

0
165

မွန်ပြည်နယ်၊မုဒုံမြို့နယ်၊ကမာဝက်မြို့၊ရှမ်းရွာရပ်၌ တည်ထားကိုးကွယ်တော်မူမည့် “လိုရာပြည့်စုံ ကမ္ဘာလုံးစေတီတော်မြတ်ကြီး”၏ နဝရတ်  ကိုးပါးအုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားအား ဧပြီ ၁ ရက်ကကျင်းပခဲ့သည်။

အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားသို့ မွန်ပြည် နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းတက်ရောက်၍ တာဝန်ရှိသူများ ဧည့်ပရိတ်သတ်များနှင့်အတူ ကမာဝက်မြို့၊ခြင်္သေ့ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒကုမာရထံမှ ကိုးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာ တော်များထံ နဝရတ်ကိုးပါးနှင့်ပရိတ်ရည်၊နံ့သာ ရည်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူ များကဆက်ကပ်ပြီး ဆရာတော်သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္တုပစ္စည်းများဆပ်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူ များက နဝရတ်ကိုးပါးရတနာအုတ်မြစ်တော်များကို သတ်မှတ်နေရာသို့ပင့်ဆောင်ပြီး သံဃာတော် ၉ ပါးမှ အုတ်မြစ်တော်များစိုက်ထူပေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here