အီကွေဒေါနိုင်ငံမြေပြိုမှုကြောင့် လူ ၂၃ ဦးသေဆုံးကာ ၆၇ ဦးပျောက်ဆုံးနေသေးသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နေဟုဆို

0
151

အီကွေဒေါနိုင်ငံ၌မြေပြိိုမှုဖြစ်ပွားပြီးတစ်ပတ်ကြာသည်အထိ ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးအဖွဲ့များကဆက်လက်ရှာဖွေနေပြီး သေဆုံးသူအရေအတွက်မှာလည်း ၂၃ ဦးအထိတိုးလာပြီဖြစ်ကြောင်းသိရသည်။

နောက်ဆုံးသိရသည့်အချက်အလက်များအရ စုစုပေါင်း လူ ၆၇ ဦးပျောက်ဆုံးနေပြီး ၃၇ ဦးဒဏ်ရာရရှိထားသည်ဟုလည်းသိရသည်။ဖြစ်ခါစကမြေကြီးအောက်သို့ရောက်ရှိသွားသည့် နေအိမ်များအတွင်းသို့ယခုအခါ ကယ်ဆယ်ရေးအဖွဲ့များဝင်ရောက်လာနိုင်ပြီဖြစ်သဖြင့် ပိတ်မိနေပြီးသေဆုံးသူများကိုတွေ့လာရကာ သေဆုံးသူအရေအတွက်တိုးလာခြင်းလည်းဖြစ်သည်။

အီကွေဒေါအာဏာပိုင်များကလည်း စက်ယန္တရားအသုံးပြုမှုများအပါအဝင် ကယ်ဆယ်ရေးအဖွဲ့ဝင်များ အ နေ ဖြင့် ကယ်ဆယ်ရေး ကို ဆက်လက်လုပ်ဆောင်နိုင်စေရန်နှင့်မြေပြင် အခြေအနေ တည်ငြိမ်မှုများရှိစေရန် လုံခြုံရေးအစီအစဥ်များကို အသုံးပြုလျက်ရှိသည်ဟုလည်းဆိုခဲ့သည်။

တနင်္ဂနွေနေ့ကဖြစ်ပွားခဲ့သော အဆိုပါမြေပြိုမှုကြောင့် အနည်းဆုံးလူ ၈၅၀ ဦးအား ထိခိုက်စေပြီး အဆောက်အအုံ ၅၇ လုံးပျက်စီးခဲ့သည်။မိုးသည်းထန်စွာရွာသွန်းမှုကြောင့်လည်း လမ်း၊တံတားနှင့်အခြားအခြေခံအဆောက်အဦများပျက်စီးခဲ့သည်ဟုသိရသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here