၄၆ ပေ အလျားရှိ ဥက္ကာခဲတစ်ခု တစ်နာရီလျှင် ကီလိုမီတာ ၄သောင်းနီးပါးနှုန်းဖြင့် ကမ္ဘာဆီသို့ ယနေ့ဦးတည်နေဟု နာဆာဆို

0
230

FF7 ဟု အမည်ပေးထားသော အလျား ၄၆ ပေရှိ ဥက္ကာခဲတစ်ခုသည် ကမ္ဘာမှ ကီလိုမီတာ ၃.၃ သန်းအကွာအဝေးမှနေ၍ တစ်နာရီလျှင် ကီလိုမီတာ ၃၈၈၄၄ နှုန်းဖြင့် ကမ္ဘာဆီသို့ ဦးတည်ကာ ချဉ်းကပ်လာနေကြောင်း နာဆာက ယနေ့ သတင်းထုတ်ပြန်သည်။ သို့ရာတွင် ယင်း ဥက္ကာခဲသည် ကမ္ဘာမြေပြင်ကို ထိခတ်မိမည်မဟုတ်ပဲ ကမ္ဘာအနီးမှ ဖြတ်သန်းသွားမည်သာဖြစ်ကြောင်းကိုလည်း အဆိုပါသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အတူပင် 2023FZ10 ဟု အမည်ပေးထားသော အလျား ၂၂ ပေရှိ အခြားဥက္ကာခဲတစ်ခုသည်လည်း တစ်နာရီလျှင် ကီလိုမီတာ ၉၉၃၆ အမြန်နှုန်းဖြင့် ကမ္ဘာမှ မိုင်ပေါင်း တစ်သန်းဝေးသော နေရာဆီမှနေ၍ ဦးတည်လာနေကြောင်း နာဆာက ဆိုထားပြန်သည်။ ယင်းဥက္ကာခဲနှင့်ပတ်သက်သည့် အခြားအချက်အလက်အသေးစိပ်ကိုမူ မသိရသေးသော်လည်း ကမ္ဘာကိုထိမှန်မည့် သတိပေးချက် ထုတ်ပြန်မထားချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here