ကမ္ဘောဒီးယားက ဂျပန်၊ဩစတြေးလျတို့နှင့်စစ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားမည်

0
220

ဖနွမ်းပင်၊ဧပြီ ၁

ကမ္ဘောဒီးယားသည် ဂျပန်၊ဩစတြေးလျတို့နှင့်အတူ ချစ်ကြည်ရင်းနှီးမှု၊ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်ပံ့ပိုးကူညီမှု ပိုမို ကောင်းမွန်ရေးကို အလေးအနက်ပြောကြားခဲ့ပြီး အထူးသဖြင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်မည်ဟုဆိုခဲ့သည်။

ယခုဆွေးနွေးမှုအား မတ်လ ၃၀ ရက်နေ့က ကမ္ဘောဒီးယားဆိုင်ရာဂျပန်သံအမတ်ကြီး မစ္စတာအူနိုအဆုရှီနှင့် ဩစတြေးလျသံအမတ်ကြီး မစ္စတာ ဂျက်စတင်ကီဗင်ဝထ်တို့ က ကမ္ဘောဒီးယားဘုရင့်တပ်မတော် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မစ္စတာဟွန်မာနတ်နှင့်တွေ့ဆုံစဉ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက်မစ္စတာဟွန်မာနတ်က ကိုဗစ်ကာလအတွင်းနှင့် ကိုဗစ်အလွန်ကာလများ၌ ကမ္ဘောဒီးယား၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး၊ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအတွင်း ဂျပန်နှင့်ဩစတြေးလျတို့၏ အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့မှုများကိုလည်း ချီးကျူးဂုဏ်ပြုခဲ့သည်။

ဂျပန်သံအမတ်ကြီးကလည်း နှစ်နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရာ၌ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့်နှစ်နိုင်ငံကြည်းတပ်၊ရေတပ်နှင့်လေတပ်တို့တွင် ကောင်းမွန်သောဆက်ဆံရေးကို ဆက်လက်ခိုင်မြဲစေကာ တိုးချဲ့သွားမည်ဖြစ်ကြောင်းအလေးပေးပြောကြားခဲ့သည်။

ဩစတြေးလျသံအမတ်ကြီးကလည်း ၎င်းအနေဖြင့် ကမ္ဘောဒီးယားနှင့်ဩစတြေးလျတို့အကြား နှစ်နိုင်ငံကာကွယ်ရေးအတွက် လူ့အရင်းအမြစ်သင်တန်းများ လာရောက်ဖလှယ်ခြင်းတို့နှင့်ပတ်သက်၍လည်း ချီးကျူးဂုဏ်ပြုစကားဆိုခဲ့သည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here