ဓညဝတီအားကစားကွင်း၌ အားကစားနည်း ၁၆ မျိုးအား တက်ရောက်သင်ကြားနေသည့် သင်တန်းသား၊သင်တန်းသူများ၏ လေ့ကျင့်နေမှုကို နစက ဥက္ကဋ္ဌ ကြည့်ရှုအားပေး

0
148

ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ ဓညဝတီအားကစားကွင်း၌ ရခိုင်ပြည်နယ်၊အားကစားနှင့်ကာယပညာကော်မတီမှဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းတွင် သင်တန်းသား၊သင်တန်းသူများ၏ လေ့ကျင့်နေမူများကို နစက ဥက္ကဋ္ဌမှ ဧပြီ ၁ ရက်နံနက်က ကြည့်ရှုအားပေးခဲ့သည်။

နစက ဥက္ကဋ္ဌသည် နွေရာသီအခြေခံအားကစားသင်တန်းမှ သင်တန်းသား၊သင်တန်းသူများ၏ အားကစားနည်းတစ်ခုချင်းစီအလိုက် သရုပ်ပြသနေမှုများကိုကြည့်ရှုအားပေးကာ သင်တန်းသား၊ သင်တန်းသူများအတွက် စားသောက်ဖွယ်ရာများကိုပေးအပ်ခဲ့သည်။

နွေရာသီအခြေခံအားကစားသင်တန်းကို လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိစိတ်ဓာတ် ပိုမိုတိုးပွားလာခြင်းမှ တစ်မျိုးသားလုံးကာယ၊ဉာဏ၊စာရိတ္တဖွံ့ဖြိုးတိုး တက်လာစေရန်၊ဝါသနာပါသည့် အားကစားနည်းကိုလေ့ကျင့်လိုက်စားခြင်းမှ အမျိုးသားအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် ကျောင်းသားလူငယ်များအတွက် နွေရာသီ ကျောင်း ပိတ်ရက်ကာလကို အကျိုးရှိရှိအသုံးချနိုင်စေရန် ရည်ရွယ်ချက်များဖြင့် မတ် ၁ ရက်မှဧပြီ ၅ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။

သင်တန်းတွင် အားကစားနည်း ၁၆ မျိုးအား လေ့ကျင့်သင်ကြားပေးလျက်ရှိရာ သင်တန်းသား၊ သင်တန်းသူ ၁၈၂၀ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here