အခြေအနေအရပ်ရပ်ကြောင့် ရန်ကုန်တိုင်းအတွင်း၌ လျှပ်စစ်ကိုအလှည့်ကျဝန်အားထိန်းညှိဖြန့်ဖြူးနေမှုတစ်ပတ်ခန့်ကြာမြင့်နိုင်

0
287

ယခုရက်ပိုင်းတွင် ရန်ကုန်အတွင်း၌ လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်မှုများကို မြို့နယ်အသီးသီးတွင်ကြုံတွေ့နေရခြင်းနှင့်ပတ်သက် ၍ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နေ့/ည အပူချိန်မြင့်တက်လာ၍ ရန်ကုန်တိုင်းအတွင်း အများပြည်သူဝန်အားသုံးစွဲမှု ၂၅၀ မဂ္ဂါဝပ်ခန့်တိုးမြင့်လာရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုမလုံလောက်သဖြင့် အများပြည်သူသို့ အလှည့်ကျဝန်အားထိန်းညှိကာ ဓာတ်အားဖြန့် ဖြူးပေးနေသည်ဟု ထုတ်ပြန်ရေးသားထားသည်။

နွေရာသီရောက်ရှိလာပြီဖြစ်၍ နိုင်ငံတော်ဓာတ် အားစနစ်အတွင်းရှိ ရေအားလျပ်စစ်စက်ရုံကြီးများ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုလျှော့ကျလျှက်ရှိခြင်း၊ ၂၄ နာရီပတ်လုံးဓာတ်အား ထုတ်လုပ်ပေးနိုင်သည့် စုစုပေါင်း(၂၄၈)မဂ္ဂါဝပ်ရှိသည့် ဘီလူးချောင်း ၁/၂/၃ ရေအားလျှပ်စစ်စက်ရုံများမှ လျှပ်စစ်ဓာတ်အားပို့လွှတ်ပေးနိုင်သည့် မဟာဓာတ်အားလိုင်းများအကြိမ်ကြိမ် ဖောက်ခွဲဖျက် ဆီးခံရ၍ ကာလရှည်ကြာစွာ နိုင်ငံတော်ဓာတ်အားစနစ်သို့ လျှပ်စစ်ဓာတ်အားလုံးဝမရရှိခြင်းများဖြစ်ပေါ်နေသည်ဟု YESC ၏အသိပေးထုတ်ပြန်ချက်၌ ရေးသားထားသည်။

ထို့ပြင် မတ် ၂၇ ရက်က ၂၃၀ ကေဗွီ သထုံ-မော်လမြိုင်ဓာတ်အားလိုင်း၏ တာဝါတိုင်(၂)တိုင်ဖောက် ခွဲဖျက်ဆီးခံရ၍ မော်လမြိုင်သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှ နိုင်ငံတော်ဓာတ်အားစနစ်သို့ (၈၀)မဂ္ဂါဝပ် ၂၄ နာရီပတ်လုံးဓာတ်အားပို့လွှတ်နိုင်မှုမရှိသဖြင့် ဓာတ်အားဖြန့်ဖြူးမှုထိခိုက်လျက်ရှိသည်ဟု YESC ၏ အသိပေးထုတ်ပြန်ချက်၌ရေးသားထားသည်။

လုံခြုံရေးအခြေအနေအရ တာဝါတိုင်များပြုပြင်ခြင်းကို စတင်ဆောင်ရွက်လျက်ရှိပြီး ခန့်မှန်း ပြုပြင်ချိန် တစ်ပတ်ခန့်ကြာမြင်နိုင်မည်ဖြစ်၍ ဓာတ်အားထုတ်လုပ်မှုနှင့်သုံးစွဲမှုမမျှတချိန်တွင် အရေးပေါ်ဝန်အားလျော့ထိန်းညှိမှုများဆောင် ရွက်နေရခြင်းဖြစ်သည်ဟု YESC မှ အသိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here