ပုပ်ရဟန်းမင်းကြီးဆေးရုံဆင်းခွင့်ရ

0
133

ရောမ၊ဧပြီ ၁

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် အသက်ရှူလမ်းကြောင်းပိုးဝင်သည့်ရောဂါကိုကုသခံယူပြီးနောက် ယနေ့ဧပြီ (၁) ရက်တွင်ဆေးရုံဆင်းပြီး ဗာတီကန်သို့ပြန်လည်ရောက်ရှိကာ ၎င်း၏ပရိသတ်များနှင့် စောင့်ဆိုင်းနေသောမီဒီယာများကို လက်ပြနှုတ်ဆက်ကာ ပြုံးပြုံးရွှင်ရွှင်ထွက်ခွာသွားခဲ့သည်။

“ကျွန်တော် မကြောက်ပါဘူး၊ကျွန်တော် အသက်ရှင်နေသေးပါတယ်” ဟု ဆေးရုံမှမထွက်ခွာမီ သတင်းထောက်များအား ပေါ့ပေါ့ပါးပါးနောက်ပြောင်ပြောကြားခဲ့သေးသည်။

အသက် ၈၆ နှစ်အရွယ်ရှိပုပ်ရဟန်းမင်းကြီးသည် အသက်ရှူရခက်သည်ဟုပြောသဖြင့် ရောမမြို့ရှိ ဂျင်မဲ့လီဆေးရုံသို့ပို့ဆောင်ကုသစေခဲ့ရာမှ ဆရာဝန်များ၏အကောင်းဆုံးကုသမှုကြောင့် ယခုကဲ့သို့မြန်မြန်ဆန်ဆန်ပြန်ကောင်းလာခြင်းလည်းဖြစ်သည်။

ကျန်းမာရေးပြန်ကောင်းလာသဖြင့် ယခုတစ်ပတ်ကုန်တွင်ကျင်းပမည့် Palm Sunday ပွဲတော်ကိုလည်း ပုပ်ရဟန်းမင်းကြီးတက်ရောက်နိုင်ကြောင်း ဗာတီကန်ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here