အပင်များသည် ဖိစီးမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရမှုများဖြစ်သည့်အခါတွင် နာကျင်သည့်အော်သံများထွက်ပေါ်လာကြောင်း သုတေသီတို့လေ့လာတွေ့ရှိ

0
228

ခရမ်းချဉ်သီးနှင့် ဆေးရွက်ကြီးပင်များကိုလေ့လာသုတေသနပြုရာတွင် ယင်းတို့ကို ခုတ်ထစ်သည့်အခါမျိုး သို့မဟုတ် ရေဓာတ်ခန်းခြောက်သည့်အခါမျိုးတွင် နာကျင်သဖြင့်အော်သည့်အသံကဲ့သို့သော ထူးခြားသောအသံများပေါ်ထွက်လာတတ်ကြောင်း လေ့လာမှုအသစ်တစ်ခုအရ အစ္စရေးသုသီတို့ တွေ့ရှိခဲ့သည်။

ယင်းအသံများသည် ၎င်းတို့ကို ထုတ်လွှတ်သည့် အပင်ပေါ် မူတည်ပြီး ၎င်းတို့ကို ခြိမ်းခြောက်သည့် ခြိမ်းခြောက်မှု အမျိုးအစားနှင့် ပြင်းထန်မှုတို့အပေါ် မူတည်၍ အသံများပြောင်းလဲသွားကြောင်း ယင်းလေ့လာမှုအရ သိရသည်။

ယင်းအသံများသည် လူတို့နားကကြားနိုင်သည့် အသံလှိုင်းတုန်နှုန်းမဟုတ်သော်လည်း အဆိုပါအပင်များပတ်ဝန်းကျင်ရှိ တိရစ္ဆာန်များကြားနိုင်ပြီး ကောက်ချက်ချနိုင်ကာ ၎င်းတို့၏အနေအထိုင်နှင့်အမူအကျင့်ကို ပြောင်းလဲရန်အတွက် သတိပေးသကဲ့သို့ဖြစ်နေကြောင်း သုတေသီတို့က တင်ပြထားသည်။

ရေမလောင်းပဲထားလိုက်သော ခရမ်းချဉ်သီးပင်များသည် ဒုတိယနေ့တွင် ခရမ်းချဉ်သီးများ ကောင်းမွန်နေသေးသော်လည်း၊ ပေါက်ပေါက်ဖေါက်သံနှင့် ခပ်ဆင်ဆင်တူသည့် အသံများသည် ငါးရက်ကြာအောင် ထွက်ပေါ်လာပြီးနောက် အမြင့်ဆုံးသို့ရောက်ကာ နောက်ပိုင်း အပင်ခြောက်သွားသောအခါတွင် အသံများ ကျဆင်းလာ လေ့လာမှုစာတန်းအား ပူးတွဲရေးသားခဲ့သူ တယ်လ်အဗစ်တက္ကသိုလ်မှ သင်္ချာပညာရှင် Lilach Hadany က ပြောကြားခဲ့သည်။

အပင်များအား ခုတ်ထစ်ခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းတို့တွင် အပင်များမှ ဆူညံသံအမျိုးမျိုးထွက်ပေါ်ပြီး ဒဏ်ရာပုံစံနှင့် အပင်ပေါ် မူတည်၍ ကွဲပြားသည်။

ယင်းသည် အပင်တို့ထံမှ အသံများကို ကြားနိုင်သော သက်ရှိများအတွက် ထိတ်လန့်ဖွယ်ကောင်းသော အခြေအနေကို ဖြစ်ပေါ်စေကြောင်းနှင့်၊ အပင်များနှင့် ယင်းတို့၏ ကျယ်ပြန့်သော ပတ်ဝန်းကျင်အတွက် အရေးတကြီးဆက်လက်လေ့လာရမည်ဖြစ်ကြောင်း ယင်း လေ့လာမှုစာတန်းတွင် ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here