လမ်းဘေးထိုးကျသွားသည့်ကားတစီးလုံးစုတ်ပြတ်ပြီး မောင်းသူသေဆုံးသည့်အဖြစ်​ကျောက်မဲမြို့နယ်တွင်ဖြစ်

0
159

ရှမ်းပြည်နယ်၊ကျောက်မဲမြို့နယ်ရှိ ကျောက်မဲ-မိုင်းငေါ့သွားကားလမ်း၏ မိုင်တိုင်အမှတ် ၁၉ အနီး တွင် ဧပြီ ၁ ရက်နေ့လည်ပိုင်းက  မီးသွေးများနှင့်ပုလင်းခွံများတင်ဆောင်လာသောကားသည်  အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထိုသို့ထိုးကျတိမ်းမှောက်သွားခဲ့သည်။

“ကားတစ်စီးလုံးရစရာမရှိအောင်စုတ်ပြတ်သတ်သွားတယ် ကားသမားကတစ်ယောက်ထဲမောင်းလာတာ စပယ်ယာမပါဘူး”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်ကြောင့် အသက်(၂၀)နှစ်ကျော်ခန့်ရှိ ကားမောင်းသူမှာထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားသဖြင့် ရုပ်အလောင်းအား ကျောက်မဲမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here