ကန့်ဘလူမြို့နယ်တွင် ပဲနှမ်းစိုက်အသက်​မွေး​သောကျေးရွာအတွင်းသို့လက်နက်ကိုင်များဝင်ရောက်ပစ်ခတ်၍ ၉ ဦးသေ၊ နေအိမ်နှင့်နွားတင်းကုပ် ၁၀၀ ကျော်မီးလောင်

0
240

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ပေါက်ကုန်းကျေးရွာအတွင်းသို့ လက်နက်ကိုင်အဖွဲ့ဝင်များက မတ် ၃၀ ရက်ည၁၀ နာရီခန့်က သေနတ်များဖြင့်ဝင်ရောက်ပစ်ခတ်၍ မီးရှို့မှုများပြုလုပ်သွားခဲ့ကြသည်။

ယင်းနေ့ညကပေါက်ကုန်းကျေးရွာအတွင်းသို့ ရွာ၏အနောက်တောင်ဘက်မှ ဝင်ရောက်လာကာ သေနတ်များဖြင့်ပစ်ခတ်ပြီး နေအိမ်များအား မီးရှို့ခဲ့ကြသည်။

“အခုဖြစ်စဥ်ဖြစ်တဲ့ ပေါက်ကုန်းရွာက ရွာကြီးတစ်ရွာပါ။ ရွာထဲမှာဆန်စက်တွေ ဆီစက်တွေလည်းရှိတယ်။ အဓိက အသက်မွေးဝမ်းကြောင်းလုပ်ငန်းဆိုရင် ပဲအမျိုးမျိုးစိုက်တယ် နှမ်းစိုက်တယ် လယ်လည်းစိုက်တယ် ။အခုချိန်ဆိုရင် မြေပဲစိုက်တယ်။ အခင်းဖြစ်တဲ့ညက အဘိုးအဘွားတွေဆိုရင် မပြေးနိုင်တော့ ဝပ်ပြီးပုန်းနေရတယ်။ တစ်ချို့ အိပ်ယာထဲကမထနိုင်တဲ့အဘိုးအဘွားတွေဆိုရင်လည်း အိမ်ထဲထိသေနတ်နဲ့ဝင်ပစ်ခံရမှာကို​ကြောက်နေကြရတယ်လို့ကြားတယ်။ ကလေးတွေလည်း သေနတ်သံတွေကြားတော့ကြောက်လန့်ပြီးငိုကြတယ်တဲ့ “ဟု ကန့်ဘလူမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သေနတ်ပစ်ခတ်ခံရမှုကြောင့်ရွာသား ၉ ဦးတွင် ကျည်ထိမှန်ဒဏ်ရာ၊မီးလောင်ဒဏ်ရာများဖြင့်သေဆုံးခဲ့ပြီး နေအိမ် ၇၀ လုံးနှင့်နွားတင်းကုပ် ၃၁ လုံး(စုစုပေါင်း ၁၀၁ လုံး)မှာ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here