နေရောင်ခြည်စွမ်းအင်နှင့်သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံးစက်ရုံမှ ဒီဇင်ဘာလတွင် ၁၂၀ မဂ္ဂါဝပ်ထွက်ရှိဖို့လုပ်ဆောင်​နေ

0
166

မကွေးတိုင်း၊မကွေးမြို့နယ်တွင် ၁၂၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့်သဘာဝ ဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid)ဓာတ်အားပေးစက်ရုံ စီမံကိန်းဆောင်ရွက်နေမှုအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်မှ ဧပြီ ၁ ရက်က ကြည့်ရှုစစ်ဆေးခဲ့သည်။

သတ်မှတ်ရက်များတွင် လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်ရမည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ကျနေသည်များရှိကာ ထပ်မံသတ်မှတ်ထားသည့်ရက်များတွင် လျှပ်စစ်မီးထုတ်လုပ်နိုင်​ရေးတို့​ဆွေး​နွေးခဲ့ကြသည်။

ဒီဇင်ဘာလတွင် နေရောင်ခြည်စွမ်းအင်နှင့်သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံးစက်ရုံမှ သတ်မှတ် ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်​​ရေး ဆောင်ရွက်သွားရမည့်တို့ကိုလည်း မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းလုပ်ငန်းခွင်အတွင်း မြေပြုပြင်နေမှု၊ Engine Foundation လုပ်ငန်းများဆောင်ရွက်နေမှု၊ဓာတ်အားပေးစက်များရောက်ရှိနေမှု၊ Construction Power တည်ဆောက်ပြီးစီးမှု၊ခြံစည်းရိုးကာရံနေမှုနှင့်စီမံကိန်းအဝင်လမ်းတည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့်သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ် သုံး(Solar+Gas Engine Hybrid)ဓာတ်အားပေး စက်ရုံစီမံကိန်းအား မကွေးမြို့နယ်၊သပြေစမ်းကျေးရွာအနီးရှိ မြေဧရိယာဧက ၄၉၀ ပေါ်တွင် တည်ဆောက်လျက်ရှိခြင်းဖြစ်သည်။

စက်တပ်ဆင်အင်အားမှာ ၁၂၀ မဂ္ဂါဝပ်ဖြစ်ပြီး စီမံကိန်းတစ်ခုလုံးပြီးစီးပါက ထွက်ရှိလာမည့် ဓာတ်အားများကို ၁၃၂ ကေဗွီကို မကွေးပင်မဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ဖြန့်ဖြူးသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here