မြန်မာ – ထိုင်းနယ်စပ်မှ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားများ၏ အလုပ်အကိုင်အခွင့်အလန်းများနှင့် ပတ်သက်၍ ဆွေးနွေး

0
225

ထိုင်း – မြန်မာ နယ်စပ်များမှတဆင့် ပြန်လည် ဝင်‌ရောက်လာသည့် မြန်မာနိုင်ငံသား ရွှေပြောင်းလုပ်သားများအား အလုပ်အကိုင်အခွင့်အလန်းများ ချိတ်ဆက်ကူညီပေးနိုင်ရေး ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်နှင့် International Organization for Migration(IOM)၊ မွန်ပြည်နယ် ကုန်သည်စက်မှုအသင်း၊ ကရင်ပြည်နယ် ကုန်သည်စက်မှုအသင်းတို့မှတာဝန်ရှိသူများတွေ့ဆုံကာ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ်အနေဖြင့် ရွေ့ပြောင်းလုပ်သားများအတွက် ကျွမ်းကျင်မှု မြင့်တင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ချိတ်ဆက်ဆောင်ရွက်ပေးနေမှု၊ ရွေ့ပြောင်းလုပ်သားနှင့် ၎င်းတို့၏ မိသားစုလူမှုအသိုင်းအဝိုင်းအတွက် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်း​ဆောင်ရွက်ပေးခြင်း၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုပေးသူများအနေဖြင့် ကျင့်ဝတ်နှင့်အညီ လုပ်သားစုဆော င်းမှုများ ကျင့်သုံးလုပ်ကိုင်လာစေရန်အချက်များကိုလည်းဆွေးနွေးခဲ့​ကြသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ကုန်သည်စက်မှုအသင်းများမှ ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင်လည်း ထိုင်းနိုင်ငံအတွင်းမှ ပြန်လည်ဝင်ရောက် လာသည့် လုပ်သားများအား ပုဂ္ဂလိကကဏ္ဍပိုင်းတွင် လိုအပ်နေသည့် ကျွမ်းကျင်မှု နယ်ပယ်များတွင် ချိတ်ဆက်ပေးခြင်းဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေရေး၊ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားများနှင့် မိသားစုများအတွက် တနိုင်တပိုင်ဘစီးပွားရေးများ လုပ်ကိုင်နိုင်ရန် ထောက်ပံ့ပေးနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် IOM Chief of Mission, Mr Dragan Aleksoski နှင့် တွေ့ဆုံရာတွင် IOM အနေဖြင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများအား ဘေးကင်းလုံခြုံသည့် နေရာသို့ တရားဝင်ရွေ့ပြောင်းသွားလာခြင်းများ တိုးမြင့်လုပ်ဆောင်လာစေရန် အားပေးဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ထည့်သွင်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ လုပ်သားများအ‌နေဖြင့် အခြားနိုင်ငံများသို့ရွှေ့ပြောင်းမှု၊ အခြားနိုင်ငံများမှ လုပ်သားများ ပြန်လည်ဝင်ရောက်မှုနှင့်အတူ ဖြစ်ပေါ်လာနိုင်ခြေရှိသော ကူးစက်ရောဂါများဆိုင်ရာ အသိပညာပေးခြင်း၊ ပုဂ္ဂလိကကဏ္ဍလုပ်ငန်းရှင်များကို ရွှေ့ပြောင်းလုပ်သား များဆိုင်ရာ အသိပညာပေးခြင်းအပြင် လက်ဆင့်ကမ်းအသိပညာမျှဝေပေးနိုင်ရေး၊ ပုဂ္ဂလိက ကဏ္ဍလုပ်ငန်းရှင်များ၏ အကြံဉာဏ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here