ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာသင်္ကြန်မဏ္ဍပ်တွင် Sprin gler များ၊ Springler Gun များနှင့် ရေမှုန်ရေမွှားလျှောက်လမ်းများ တပ်ဆင်သွားမည်

0
348

၂၀၂၃ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်၌ စည်စည်ကားကားဖြစ်စေရန် Sprin gler များ၊ Springler Gun များနှင့် ရေမှုန်ရေမွှားလျှောက်လမ်းများ တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ဧပြီလ (၂) ရက်တွင် ပြုလုပ်သည့် ရန်ကုန်မြို့တော်စည်ပင်၏ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းမှတဆင့် သိရှိရခြင်း ဖြစ်သည်။

ယခုနှစ် မဟာသင်္ကြန် ရေသဘင်ပွဲတော်အား ပြည်သူများအ‌‌နေဖြင့် ပျော်ရွှင်အေးချမ်းပြီး လုံခြုံစွာရေကစားနိုင်ရေးအတွက် လုပ်ဆောင်သွားမည်ဟု ရန်ကုန်မြို့တော်မဟာသင်္ကြန်ရေသဘင်ပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်မြို့တော်မဟာသင်္ကြန်ရေသဘင်ပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီ၏ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက သင်္ကြန်ပွဲတော်ကျင်းပရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ရာ ရေကစားမှုစီစဉ်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) ဌာနမှူး ဦးမြင့်ဇော်သန်းက ရေပက်ကစားရန် ရေအရင်းအမြစ်များရယူမှု၊ ရေအရည်အသွေးစစ်ဆေးစမ်းသပ်ထားမှုနှင့် Springler များ၊ Springler Gun များနှင့်ရေမှုန် ရေမွှားလျှောက်လမ်းများ တပ်ဆင်ထားမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။

ယခုနှစ် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင် ရုပ်ရှင်နှင့် ဂီတပညာရှင်များ၏ ဂီတဖျော်ဖြေမှုများ၊ သဘင် ပညာရှင်များ၏ မြန်မာ့ယဉ်ကျေးမှု အကအလှ ဖျော်ဖြေမှုများအပြင် အခြေခံပညာအဆင့်၊ မူကြိုကျောင်းများ၊ ရုံး/အခြားဌာနများ၊ အလွတ်တန်း အဆင့်အလိုက် (၁၂) ဦး၊ (၁၆) ဦး၊ (၂၀) ဦး ယိမ်းပြိုင်ပွဲများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအက ဖျော်ဖြေမှုများထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here