မွေတော်ကက္ကူဘုရားသို့ မိုင်းဖုန်းဆရာတော်ကြီးကြွရောက်၊ခရီးစဥ်များအဖြစ် တောင်ကြီး- နေပြည်တော်- ရန်ကုန်-မော်လမြိုင်- ပုဂံ- မန္တလေး-မြစ်ကြီးနား-ပူတာအို
တို့သို့ရာထား​

0
368

မိုင်းဖုန်းဆရာတော်ကြီးသည် ဧပြီလအတွင်းကြွရောက်တော်မူလျက်ရှိသည့် ဓမ္မဒူတခရီးစဥ်အဖြစ် ဧပြီ ၂ ရက်(ယနေ့)တွင် ရှမ်းပြည်နယ်ရှိ မွေတော်ကက္ကူဘုရားသို့ ရောက်ရှိတော်မူခဲ့သည်။

မိုင်းဖုန်းဆရာတော်ကြီးသည် ယနေ့နံနက်ပိုင်းကလည်း ဓမ္မဒူတခရီးစဥ်ကြွရောက်တော်မူချိန်၌ လွိုင်လင်မြို့တွင်ဆောက်လုပ်ဆဲဖြစ်သည့် ဆုတောင်းပြည့် “ရတနာ မာန်အောင်စုမ့်မှိုင်း”စေတီတော်ကြီး၏ အထက်ပဥ္စယံအား ဌာပနာသွင်းပေးတော်မူခဲ့သည်။

မိုင်းဖုန်းဆရာတော်ကြီးသည် ဧပြီ ၁ ရက်ညပိုင်းတွင် မိုးနဲမြို့ရှိ အောင်မင်္ဂလာဆုတောင်းပြည့်ကျောင်း၊ နံနက်ပိုင်းတွင် မိုင်းပန်မြို့ရှိ ဓမ္မာရုံ၊နောက်လုံအင်းအတွင်းရှိ စေတီတော်တို့တွင် သံဃာတော်များ၊ဒကာ၊ဒကာမများအား တရားဟောကြားတော်မူခဲ့သည်။

မိုင်းဖုန်းဆရာတော်ကြီးသည် ဧပြီလအတွင်း ဓမ္မဒူတခရီးစဥ်များကြွချီတော်မူလျက်ရှိရာ မတ် ၃၁ ရက်မှစတင်၍ တာချီလိတ်မှမိုင်းဆတ်၊နာကောင်းမူး၊ ဧပြီ ၁ ရက်တွင် နားကောင်းမူးမှ လွိုင်လင်မြို့နယ်ရှိ မိုင်းတုံ၊မိုင်းပန်၊လင်းခေး၊မိုးနဲ၊နမ့်စန်မြို့များကိုဖြတ်သန်းကာ ဧပြီ ၂ ရက်တွင် လွိုင်လင်မြို့မှတောင်ကြီိးမြို့သို့ ကြွရောက်တော်မူခြင်းဖြစ်သည်။

ရက်သတ်မှတ်ရခြင်းမရှိသေးသည့် ခရီးစဥ်များအဖြစ် တောင်ကြီးမြို့မှနေပြည်တော်၊ နေပြည်တော်မှရန်ကုန်မြို့၊ ရန်ကုန်မြို့မှမော်လမြိုင်မြို့၊ မော်လမြိုင်မြို့မှပုဂံ၊ ပုဂံမှမန္တလေးမြို့၊ မန္တလေးမြို့မှမြစ်ကြီးနားမြို့၊ မြစ်ကြီးနားမြို့မှပူတာအိုတို့သို့ ဆက်လက်ကြွရောက်တော်မူမည်ဖြစ်ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်ကြီးကြွရောက်တော်မူမည့် ဓမ္မဒူတခရီးစဥ်ဒေသများ၌ ဆရာတော်ကြီး ယာယီသီတင်းသုံးနေထိုင်ရန် ယာယီစံကျောင်းတော်များကို တာဝန်ရှိသူများနှင့်ဒေသခံများက ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here