မလေးဝန်ကြီးချုပ်အန်ဝါ၏ တရုတ်ခရီးစဉ်က တရုတ်၏ ပိုမိုရင်းနှီးမြှုတ်နှံမှုများစတင်ရန်ဖြစ်လာဟု မလေးစီးပွားရေးလုပ်ငန်းရှင်များပြော

0
258

စိမ်းလန်းသောနည်းပညာ၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ခေတ်မီစိုက်ပျိုးရေးကဏ္ဍများတွင် တရုတ်၏ ရင်းနှီးမြှုတ်နှံမှုများကို မြှင့်တင်ရန်အတွက် သဘောတူညီချက် ၁၉ ခုကို တရုတ်နိုင်ငံခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့ခြင်းအပေါ် မလေးဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်အား မလေးစီးပွားရေးလုပ်ငန်းရှင်များက ချီးကျူးဂုဏ်ပြုလိုက်ကြပြီး၊ ယင်းခရီးစဉ်က တရုတ်၏ ရင်းနှီးမြှုတ်နှံမှုများ ယခုထက်ပိုမိုလာစေရန် အစပြုလိုက်ခြင်းဖြစ်ကြောင်း ဆိုကြသည်။

အဆိုပါ ခရီးစဉ်သည် နိုင်ငံတကာရင်းနှီးမြှုတ်နှံသူများအတွက်ခိုင်မာပြီး အပြုသဘောဆောင်သည့် အချက်ပြမှုများကို ပေးစွမ်းနိုင်သည့်အပြင် မလေးရှား-တရုတ် နှစ်နိုင်ငံအကြား ရင်းနှီးမြှုတ်နှံမှုများ တိုးမြင့်လာစေမည်ဟုလည်း မလေးသတင်းစာများက ရေးသားဖော်ပြကြသည်။

မလေးရှားနိုင်ငံ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Ding Hong Sing ကလည်း အဆိုပါသဘောတူညီမှုများကို ကြိုဆိုခဲ့ပြီး ပြည်တွင်းစက်မှုလုပ်ငန်း အထူးသဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် သတင်းကောင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတွတ်ခ် ဆရီ အန်ဝါ၏ ၄ ရက်ကြာ တရုတ်နိုင်ငံ တရားဝင်အလည်အပတ်ခရီးစဉ်သည် စနေနေ့က ပြီးဆုံးခဲ့ပြီး၊ ယင်းခရီးစဉ်အတွင်း အန်ဝါသည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်အပါအဝင် စီးပွားရေးခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here