သံဖြူဇရပ် – ရေးလမ်းမကြီးဘေးတွင် သေနတ်ဒဏ်ရာများဖြင့် ပိုင်ရှင်မဲ့အမျိုးသားတစ်ဦး အလောင်းတွေ့ရှိ

0
291

မွန်ပြည်နယ်၊ သံဖြူဇရပ် – ရေးလမ်းမကြီးဘေးတစ်နေရာတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်း ယနေ့ (ဧပြီလ ၂ ရက်) နေလည်ပိုင်းက တွေ့ရှိခဲ့ရကြောင်း ရွှေင်္ဟသာ ပရဟိတ လူမှုကူညီရေးအသင်းထံမှ သိရသည်။

သံဖြူဇရပ်-ရေးလမ်းကြီး၊ အောင်သာရွာအနီး၌ လူတစ်ဦးမှောက်လျက်လဲနေသည်ဟု သတင်းရရှိသည့်အတွက် ရွှေင်္ဟသာလူမှုကူညီရေးအသင်းမှ သွားရောက်ပြီး ထိုလူနာဒဏ်ရာရှာဖွေကြည့်ရာ ကျည်ထိဒဏ်ရာများနှင့် သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ တိုက်ပွဲဖြစ်ပွားတဲ့အချိန်မှာ သူက ကြားညပ်သွားတယ်လို့ ယူဆရတယ်၊ မနက်က အဲ့နားမှာ တိုက်ပွဲဖြစ်သွားသေးတယ်” ဟု ရွှေင်္ဟသာ ပရဟိတ လူမှုကူညီရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာာနယူး(စ်) သို့ပြောသည်။

အဆိုပါသေဆုံးအမျိုးသားသည် အသက် (၆၀) အရွယ်ခန့်ရှိပြီး ကျည်ထိမှန်ဒဏ်ရာ (၁၀) ချက်နီးပါးရှိကာ အလောင်းကို ရွှေင်္ဟသာလူမှုကူညီရေးအသင်းကားဖြင့် လမိုင်းဆေးရုံ ရင်ခွဲရုံသို့ ပို့ထားပြီး လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးကြောင်းနှင့် ပုံပါ DBအား သိရှိပါက ဆက်သွယ်ပေးကြရန် အသိပေးထားသည်။

ဓာတ်ပုံ – ရွှေဟင်္သာလူမှုကူညီရေးအသင်း(မော့ကနင်)


LEAVE A REPLY

Please enter your comment!
Please enter your name here