ကမ္ဘောဒီးယား၌ကျင်းပမည့် ၃၂ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမှအားကစားသမားအယောက် ၄၀၀ ကျော်စေလွှတ်မည်

0
192

ဖနွမ်းပင်၊ဧပြီ ၂

ကမ္ဘောဒီးယား၌ကျင်းပမည့် (၃၂) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံမှအားကစားသမား ၄၀၀ ကျော်စေလွှတ်မည်ဖြစ်ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက စနေနေ့ကထုတ်ပြန်ခဲ့သည်။

အဆိုပါပြိုင်ပွဲအတွက် အားကစားနည်း ၁၉ မျိုးအတွက် နည်းပြနှင့်ကစားသမားပေါင်း ၄၆၀ ကျော်ကိုစေလွှတ်မည်ဖြစ်ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးဌေးအောင်ကဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။

ယင်းသို့ပါဝင်ယှဉ်ပြိုင်မည့်အားကစားသမားများအနက် အယောက် ၃၀၀ ကျော်သည် နေပြည်တော်၌လေ့ကျင့်နေပြီး ကျန် ၁၀၀ ကျော်သည် ရန်ကုန်၌လေ့ကျင့်မှုများပြုလုပ်နေသည်ဟုလည်း ၎င်းကထပ်မံပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်က ဗီယက်နမ်နိုင်ငံ၌ကျင်းပသည့် ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှအားကစားနည်းပေါင်း ၁၈ မျိုးအတွက်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၉ ခု၊ငွေတံဆိပ် ၁၈ ခုနှင့် ကြေးတံဆိပ် ၃၅ ခုတို့အသီးသီးရရှိခဲ့ကြသည်။

ယခုနှစ်အတွက် ကမ္ဘောဒီးယားနိုင်ငံ၌ကျင်းပမည့် ၃၂ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား ၂၀၂၃ ခုနှစ် မေလ၌ကျင်းပမည်ဖြစ်ကြောင်းလည်းသိရသည်။

Source : ဆင်ဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here