Online ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူက ငွေလာလွှဲသည့်အမျိုးသမီးအား သတ်ကာ ငွေကျပ်သိန်း ၂၀၀ နှင့် ဆိုင်ကယ်ကို ယူဆောင်ထွက်ပြေး

0
339

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွ က်ရှိ Online ငွေလွှဲလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသားက ငွေလာလွှဲသည့် အမျိုးသမီးအားသတ်ဖြတ်ကာ ငွေကျပ် သိန်း ၂၀၀နှင့် Scoopy ဆိုင်ကယ်အား ယူဆောင်သွားခဲ့မှု ဧပြီ (၂) ရက်မွန်းတည့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ မွန်းတည့် (၁၂) နာရီ (၄၅) မိနစ်ခန့်က အောင် မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်၊ (၁၈)လမ်းနှင့် (၁၉) လမ်းကြား၊ လမ်း (၈၀) နှင့် (၈၁) လမ်းကြားရှိ Online ငွေလွှဲလုပ်ငန်းလုပ်ကိုင်သည့် အောင်နိုင်ဝေထံသို့ ဥပုသ်တော်ရပ်ကွက်တွင် နေထိုင်သည့် အသက်(၃၇)နှစ်အရွယ် အမျိုးသမီးတစ်ဦး ငွေလွှဲရန်ရောက်ရှိလာခဲ့ခြင်းဖြစ်သ ည်။

ထိုသို့ ရောက်ရှိလာစဥ် အောင်နိုင်ဝေမှ ငွေလွှဲရန် ရောက်ရှိလာသူ အမျိုးသမီးအား ကြိုးဖြင့်တုတ်ကာ ဓားဖြင့်ထိုးသတ်၍ ယင်းအမျိုးသမီးပါလာသည့် ငွေကျပ်သိန်း ၂၀၀ နှင့် Scoopy ဆိုင်ကယ်တို့အား ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ပြစ်မှုကျူးလွန်တဲ့လူကို ဖမ်းမိဖို့ စုံစမ်းစစ်ဆေးနေတယ် ။ဒီလူကိုသိတဲ့ လူတွေကိုလည်း လိုအပ်တဲ့ မေးမြန်းတာတွေလုပ်နေပါတယ်။ ရဲစခန်းမှာ အမှုဖွင့်ပြီး လိုအပ်တာမှန်သမျှ ဆက်တိုက်ဆောင်ရွက်နေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အခင်းဖြစ်စဉ်ကြောင့် ငွေလွှဲရန် လာရောက်သူ အမျိုးသ မီးဖြစ်သူမှာ လည်ပင်းပြတ်ရှဒဏ်ရာ၊ ဘယ်ပါး စောင်ပေါ က်ပြဲ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် လူမှုကူညီရေးအသင်းကားဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here