သမီးရည်းစားချင်း စကားများကြရာမှ ချစ်သူကောင်မလေးအား ဓားဖြင့်ထိုးမှု ပြည်မြို့တွင် ဖြစ်ပွား

0
500

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပြည်မြို့တွင် သမီးရည်းစားချင်း စကားများကြရာမှ ဓားဖြင့်ထိုးသည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ ဧပြီ (၂) ရက် ညနေပိုင်းက ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

ပြည်မြို့ ၊ ပြည်တက္ကသိုလ်အနီးရှိ အုန်းတောလမ်းမပေါ်တွင် ယမန်နေ့ ညနေ (၆) နာရီခွဲအချိန်ခန့်က အသက် (၂ဝ) ဝန်းကျင်အရွယ်ရှိ သမီးရည်းစားချင်းစကားများကြခြင်းဖြစ်ပြီး အမျိုးသားဖြစ်သူမှ ချစ်သူမိန်းကလေးအား ဓားထိုးခဲ့ခြင်းဖြစ်သည်။

” သမီးရည်းစား အချင်းချင်း စကားများ ရန်ဖြစ်ကြတာ၊ ဒဏ်ရာကတော့ မစိုးရိမ်ရပါဘူး၊ နဲနဲပဲ ထိသွားတယ်” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပါရမီမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အမျိုးသားတွင် လက်ချောင်းပြတ်ရှဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတွင် တံတောင်အောက်ထိုးသွင်း သွေးထွက်ဒဏ်များ ရရှိခဲ့သည့်အတွက် အရေးပေါ်ဆေးကုသမှုခံယူရန် အတွက်ပြည်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီခဲ့ရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှလည်း လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ထားပြီး အရေးယူထားသည်ဟု သိရသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပါရမီ


LEAVE A REPLY

Please enter your comment!
Please enter your name here