နမ့်စန်တွင် နေအိမ်မီးလောင်မှု ဖြစ်ပွားကာ အမျိုးသမီး (၁) ဦး သေဆုံး

0
718

ရှမ်းပြည်နယ်‌ ၊ နမ့်စန်မြို့၊ အမှတ် (၄) ရပ်ကွက်တွင် ဧပြီ (၂) ရက်ညပိုင်းက နေအိမ်မီးလောင်မှု ဖြစ်ပွားပြီး အမျိုးသမီး (၁) ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် လူမှုကူညီရေးအသင်းများမှ သိရသည်။

ယမန်နေ့ ည (၁) နာရီခွဲ ဝန်းကျင်က နမ့်စန်မြို့၊ အမှတ် (၄)ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွားသဖြင့် မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရကြောင်း သိရသည်။

ယင်းသို့ ငြှိမ်းသတ်ခဲ့ရာ ည(၁) နာရီ(၄၅) မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး အမျိုးသမီးတစ်ဦး မီးခိုးမွှန်ကာ အသက်ရှူကြပ်သေဆုံးခဲ့ကြောင်း သိရသည်။

“ဒီဖြစ်စဥ်မှာ အဲဒီအိမ်က အမျိုးသမီးတစ်ယောက် မီးခိုးမွှန်အသက်ရှုကြပ်ပြီး သေဆုံးသွားခဲ့ပါတယ်။ တခြား ထိခိုက်သေဆုံးတဲ့ လူတွေမရှိပါဘူး”ဟု လူ မှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိပြီး သေဆုံးသူ၏ ရုပ်အလောင်းအား ရောင်စုံပန်းခင်း လူငယ်ပရဟိတအသင်းမှ နမ့်စန်မြို့နယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here