အော်စကာဆုရ ဂျပန်တေးရေးဆရာ ရူအီချီ ဆာကာမိုတို အသက် ၇၁ နှစ်အရွယ်တွင် ကွယ်လွန်

0
494

နာမည်ကျော် “Merry Christmas, Mr. Lawrence” နဲ့ “The Last Emperor” ရုပ်ရှင်ကားတို့အတွက် တေးသီချင်းတွေ ရေးစပ်ပေးခဲ့တဲ့ အော်စကာဆုရ ဂျပန် ဂီတစာဆို ရူအီချီ ဆာကာမိုတိုဟာ အသက် ၇၁ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။

မတ်လ ၂၈ ရက်မှာ ကွယ်လွန်ခဲ့တယ်လို့ သူရဲ့ စီမံခန့်ခွဲရေးအဖွဲ့က ကြေညာထားပါတယ်။ ဆာကာမိုတိုဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်း ကင်ဆာရောဂါကြောင့် ဆေးကုသမှု ခံယူနေရသူလည်း ဖြစ်ပါတယ်။

ဆာကာမိုတိုကို ၁၉၅၂ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ “Yellow Magic Orchestra” လို့ အမည်ရတဲ့ အဖွဲ့မှာ အဖွဲ့ဝင် တစ်ဦးဖြစ်ခဲ့ဖူးပြီး အဲဒီအဖွဲ့ဟာ ၁၉၈၀ ပြည့်လွန်အစောပိုင်း နှစ်များမှာ ဂျပန်ရဲ့ ပေါ့တေးဂီတအပေါ် ဩဇာညောင်းခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ သူကို လူသိများလာတာကတော့ ရုပ်ရှင်ကားတွေအတွက် ရေးဖွဲ့ သီကုံးပေးခဲ့တဲ့ တေးသီချင်းတွေကြောင့်ပါ။ သူဟာ ၁၉၈၈ ခုနှစ်မှာ “The Last Emperor” ရုပ်ရှင်ကားအတွက် ရေးစပ်ပေးတဲ့ တေးသီချင်းနဲ့ အော်စကာဆုရခဲ့ပါတယ်။ မင်းသားကြီး လီယိုနာဒို ဒီကာပရီယို ကို အော်စကာဆုရစေခဲ့တဲ့ “The Revenant” ရုပ်ရှင်ကားမှာလည်း သီချင်းစပ်ပေးခဲ့ပါသေးတယ်။

Source: စီအင်န်အင်န်


LEAVE A REPLY

Please enter your comment!
Please enter your name here