ဧရာဝတီမြစ်ရေအပါအဝင် မြစ်ရေအများစု ဧပြီ ၁၀ ရက်အထိ မြင့်တက်မည်ဟု ခန့်မှန်း

0
310

ဧပြီလ ပထမ (၁၀) ရက်အတွင်း ဧရာဝတီမြစ်ရေအပါအဝင် မြစ်ရေအများစု မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ရွှေကူမြို့၊ ကသာမြို့၊သပိတ်ကျင်းမြို့၊မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင့်မူမြို့တို့တွင် ၂ ပေခွဲမှ ၄ ပေခန့်၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၁ ပေမှ ၂ ပေခန့်အထိ လက်ရှိရေအမှတ်များထက် မြင့်တက်နိုင်ကြောင်း အသိပေးထားသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ကနီမြို့နှင့် မုံရွာမြို့တို့တွင်  ၁ ပေမှ ၂ ပေခန့်အထိ မြင့်တက်လာနိုင်သည်။

မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ပေဝက်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည သီပေါမြို့တွင် (၃) လက်မခန့်၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင်  (၁) ပေမှ (၂) ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ပေဝက်ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ပေဝက်ခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့တွင် (၃) လက်မခန့်နှင့် ပဲခူးမြို့တွင် (၁) ပေခွဲခန့်မြင့်တက်နိုင်သည်။

သံလွင်မြစ်ရေသည် ဖားဆောင်းမြို့တွင် ပေဝက်ခန့်နှင့် ဘားအံမြို့တွင် (၂) ပေခွဲခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ပေဝက်ခန့်တက်နိုင်သည်။

ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် (၁) ပေခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁) ပေခွဲခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့နှင့် ကျောက်တော်မြို့တို့တွင် ပေဝက်ခန့်စီ၊ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၁) ပေခွဲခန့်၊ လက်ရှိရေအမှတ်များထက် မြင့်တက်လာနိုင်ပြီး လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် ပေဝက်ခန့် လက်ရှိရေအမှတ်အောက် ကျဆင်းလာနိုင်ကြောင်းတို့ကို အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here