မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ခြေစစ်ပွဲ (၂) ပွဲ ယှဉ်ပြိုင်ကစားမည့် အီရန်အမျိုးသမီးဘောလုံးအ သင်း ရန်ကုန်သို့ ရောက်ရှိ

0
268

အီရန်အမျိုးသမီး ဘောလုံးအသင်းသည် ၂၀၂၄ ပါရီအို လံပစ် အမျိုးသမီး ဘောလုံးအားကစားပွဲ၊ အာရှဇုန် ခြေ စစ်ပွဲအား မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ပ ထမ အကျော့၊ ဒုတိယအကျော့အဖြစ် (၂) ကျော့ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် အီရန် အမျိုး သမီးဘောလုံးအသင်းတို့သည် အာရှဇုန်ခြေစစ်ပွဲ ပထမအကျော့အဖြစ် ဧပြီ (၅) ရက်ညနေ (၄) နာရီ၊ ဒုတိယအကျော့အဖြစ် ဧပြီ (၈) ရက်ညနေ (၄) နာရီတို့တွင် ယှဥ်ပြို င်ကစားသွားမည်ဖြစ်ကာ (၂) ကျော့လုံးအား ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံး အားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်သည်။

ပွဲစဥ်ဇယားအရ (၂) ကျော့ ယှဥ်ပြိုင်ကစားပြီး၍ သရေရ လဒ်ထွက်ပေါ်လာပါက ဂိုးကွာခြားချက်၊ အချိန်ပို၊ပင်နယ်တီတို့ဖြင့် ခြေစစ်ပွဲအောင်မြင်မည့် အသင်းအားဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ယှဥ်ပြိုင်က စားမည့် အီရန်အမျိုးသမီးဘောလုံးအသင်းသည် ဧပြီ(၂) ရက်ညက ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခဲ့ကာ မြန်မာဘောလုံးအဖွဲ့ချုပ်၏ စီစဥ်မှုဖြင့် Novotel Yangon Max Hotel တွင်တည်းခိုကာ လေ့ကျင့်မှုများပြုလုပ်သွားမည်ဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here