တရုတ်ကွန်မြူနစ်ပါတီ၏ ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မြန်မာနိုင်ငံမှ ကူမင်းသို့ ပြန်လည်ထွက်ခွာ

0
291

မြန်မာနိုင်ငံသို့ အလုပ်သဘော ခရီးစဥ်အဖြစ်ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်လည်းဖြစ် ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူးလည်း ဖြစ်သည့် H.E. Mr. Wang Ning နှင့်အဖွဲ့သည် ယနေ့ ဧပြီ (၃) ရက် ညနေ (၄) နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် တိုင်းအစိုးရ အဖွဲ့ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းနှင့် တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai တို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ဧပြီလ (၁) ရက်က စတင်ကာ မြန်မာနိုင်ငံသို့ အလုပ်သ ဘောရောက်ရှိလာသည့် မစ္စတာ ဝန်နင်နှင့် အဖွဲ့သည် မြန် မာနိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှု ကဏ္ဍအပါ အဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအ တွက် နစက အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် သဘောတူလက်မှတ်ရေးထိုးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည် ။

မစ္စတာ ဝန်နင်သည် ၎င်း၏ ခရီးစဉ်အတွင် မြန်မာနိုင်ငံမှ စိုက်ပျိုးရေး ထွက်ကုန်များ ယူနန်ပြည်နယ်အတွင်းသို့ တင်ပိုင်နိုင်ရေး အပါအဝင် ၊ ဆန်စပါး ၊ ဓာတ်မြေဩဇာနှင့် ရေအားလျှပ်စစ်ဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်း လုပ်ဆောင်မှုများ လုပ်ဆောင်ရန် နစက၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထော င်စု ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် အဖွဲ့နှင့် သဘော တူလက်မှတ်ရေးထိုးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here