ရုရှားသိပ္ပံအကယ်ဒမီ၊အရှေ့တိုင်းလေ့လာရေးအင်စတီကျူ့က နစက ဥက္ကဋ္ဌအား “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့”ပေးအပ်ချီးမြှင့်

0
190

ရုရှားသိပ္ပံအကယ်ဒမီ၊အရှေ့တိုင်းလေ့လာရေးအင်စတီကျူ့က နစက ဥက္ကဋ္ဌအား “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့”ကို ဧပြီ ၃ ရက်က နေပြည်တော်၌ လာ​ရောက် ပေးအပ်ချီးမြှင့်ခဲ့သည်။

နစက ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်တရားမျှတမှုကို အခြေခံသည့် နိုင်ငံရေးပွင့်လင်းမြင်သာမှုများကို မျက်ဝါး ထင်ထင်တွေ့မြင်ရပြီး လူသားချင်းစာနာထောက်ထားမှုနယ်ပယ်အပါအဝင် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး၊ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့၍ “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့”ကို ရုရှားသိပ္ပံအကယ်ဒမီ၊အရှေ့တိုင်းလေ့လာရေးအင်စတီကျူ့ပညာရေးကောင်စီမှ တညီတညွတ်တည်းမဲခွဲ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ရုရှားသိပ္ပံအကယ်ဒမီ၊အရှေ့တိုင်းလေ့လာရေးအင်စတီကျူ့၏ President ကရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌအား ရုရှားသိပ္ပံအကယ်ဒမီအရှေ့တိုင်းလေ့လာရေးအင်စတီကျူ့၏ President က“ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့”ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

စွမ်းရည်ထက်မြက်သူများ၊ စာ​ပေပညာရှင်၊သိပ္ပံ/ဝိဇ္ဇာပညာရှင်များစွာ​ မွေးထုတ်ပေးလျက်ရှိသည့် ရုရှားသိပ္ပံအကယ်ဒမီ၊အရှေ့တိုင်းလေ့လာရေးအင်စတီကျူ့မှပေးအပ်သည့် “ဂုဏ်ထူး ဆောင်ဒေါက်တာဘွဲ့”ကို လက်ခံရရှိခြင်းအတွက် များစွာဂုဏ်ယူဝမ်းမြောက်​ကြောင်း၊ မြန်မာနိုင်ငံမှ ပညာတော်သင်များသည် ရုရှားနိုင်ငံရှိ တက္ကသိုလ်အသီးသီးတွင်ပညာသင်ကြားခဲ့ပြီး အဆင့်မြင့်ဘွဲ့များစွာရရှိခဲ့ကြသလိုအများအပြားလည်းသင်ကြားဆဲရှိ​နေ​​ကြောင်း၊ နှစ်နိုင်ငံနှင့်နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ကာလကြာရှည်စွာတည်ဆောက်ခဲ့သည့် စစ်ဘက်နည်းပညာ ပညာရေး၊သိပ္ပံနှင့်ယဉ်ကျေးမှုနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုနှင့်ဆက် ဆံမှုများတိုးမြှင့်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here