ဆိုလာစနစ် အသုံးပြုခြင်းသည် မီတာခသက်သာသည့်အပြင် အသုံးမပြုသောအချိန်တွင် မဟာဓာတ်အားလိုင်းသို့ ပြန်လည်ပေးသွင်းနိုင်မည်ဟုဆို

0
241

နိုင်ငံ‌တော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပြည့်မှီအောင် မရရှိနိုင်သဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် Solar System အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိ​အောင်လုပ်​ဆောင်နိုင်မည့်အပြင် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရာရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။

နွေစပါး စိုက်ဧက ၃၀၀ ရေပေးဝေနိုင်မည့် လှည်းကူးမြို့နယ် လက်ပံရေတင်လုပ်ငန်း ဆိုလာဖွင့်ပွဲတွင် တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ဒုတိယညွှန်ကြားရေးမှူးက ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များဖြစ်သော မိုးခေါင်ခြင်း၊ မုတ်သုံအဝင်နောက်ကျခြင်း၊ မုတ်သုံအထွက်စောခြင်းတို့ကြောင့်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ပြည့်မှီအောင် မရရှိနိုင်သဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် Solar System အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိဘဲလျှပ်စစ်ဓာတ်အားချွေတာ သုံးစွဲရာရောက်သကဲ့သို့ လျှပ်စစ် ဓာတ်အားခကုန်ကျမှုလည်း သက်သာစေမည်ဖြစ်ပါတယ်” ဟု ၎င်းကဆိုသ ည်။

ယခုဖွင့်လှစ်လိုက်သည့် လက်ပံလျှပ်စစ်ရေတင်လုပ်ငန်းတွင် 185 kW Motor နှင့် 30 Cusec Pump သုံးစုံတပ်ဆင်ထားရှိပြီး Solar System တပ်ဆင်ပြီးစီးပါက နွေစပါးစိုက်ဧက ၃၀၀ ကို ရေပေးဝေနိုင်မည်ဖြစ်ကာ ဆိုလာစနစ် တစ်စုံတပ်ဆင်ခြင်းအားဖြင့် လျှပ်စစ်ဓာတ်အားခကုန်ကျငွေ ၁၆၇,၈၈၀ သိန်းသက်သာမည် ဖြစ်ကြောင်း လည်းသိရသည်။

အဆိုပါ ပြန်လည်ပြည့်ဖြိုးမြဲ Solar System သည် လျှပ်စစ်ဓာတ်အားခ ကုန်ကျမှုကို သက်သာစေမည်ဖြစ်သည့်အပြင် အသုံးမပြုသောအချိန်တွင်လည်း လျှပ်စစ် မဟာဓာတ် အားလိုင်း National Grid ထဲသို့ပြန်လည်ပေးသွင်းနိုင်​မည် ဖြစ်ကြောင်းလည်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ဒုတိယညွှန်ကြားရေးမှူး၏ ရှင်းလင်းချက်အရ သိရသည်။

အဆိုပါ လက်ပံရေတင်လုပ်ငန်း ဆိုလာဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးများဖြစ်သည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်းတို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here