ဘဏ်များ၏ အချိန်ပိုင်းအပ်ငွေ (Time Deposit) ထည့်သွင်းတွက်ချက်မှု ယာယီပြင်ဆင်သတ်မှတ်ကာလ ၆ လ ထပ်တိုးပေးထား

0
291

ဘဏ်များက အခြားဘဏ်များတွင် အပ်နှံထားသည့် အချိန်ပိုင်းအပ်ငွေ (Time Deposit with Banks) များကို သက်တမ်းစေ့ရောက်ရန် သုံးလအောက်လက်ကျန်ယာယီထည့်သွင်းတွက်ချက်မည့်ကာလကို ထပ်တိုးပေးထားကြောင်း ဗဟိုဘဏ်မှ သိရသည်။

အဆိုပါ သက်တမ်းတိုးကာလကို ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ သက်တမ်း ၆ လ သတ်မှတ်ပေးထားခြင်းဖြစ်သည်။

လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါ နောက်ဆက်တွဲ အကျိုးဆက်တွေနှင့်ဘဏ်များ၌ ကြုံတွေ့နေရသည့်အခြေအနေအရ ငွေကြေးလွယ်ကူမှု ပံ့ပိုးပေးရန် လိုအပ်သည့်အတွက် ငွေကြေးလွယ်ကူမှုအချိုး တွက်ချက်ရာတွင် ငွေတိုက်စာချုပ်အားလုံး၏ မည်သည့်သက်တမ်းကိုမဆို ၁၀၀ ရာခိုင်နှုန်း ထည့်သွင်းတွက်ချက်ရန် ယာယီပြင်ဆင်သတ်မှတ်ခြင်းနှင့် ဘဏ်များက အခြားဘဏ်များ၌ အပ်နှံထားသော အချိန်ပိုင်းအပ်ငွေများအား သက်တမ်းစေ့ရောက်ရန် သုံးလအောက်လက်ကျန်ကို ယာယီထည့်သွင်းတွက်ချက်ရန် ကာလတို့အား သက်တမ်းထပ်မံတိုးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here