“အောင်ကျော်မိုး” ခရီးသည်တင် Express ယာဉ် ရန်ကုန် – မန္တလေး အမြန်လမ်းတွင် တံတားလက်ရမ်း ဝင်တိုက်ပြီး (၁) ဦးသေဆုံးကာ (၃) ဦး ဒဏ်ရာရ

0
251

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး ပလွေးအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် ဧပြီ ၃ ရက် ည (၁၂) နာရီခွဲအ ချိန်က “အောင်ကျော်မိုး” ခရီးသည်တင် Express ကား ကဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် (၁) ဦး သေဆုံးကာ (၃) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသ ည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၉ ၄/၂ ရှိ တံတားလက်ရမ်းအား ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး ပလွေး အမြန်လမ်း မီးသတ်စခန်းနှင့် ပလွေးအမြန်လမ်းရဲစ ခန်းတို့မှ တပ်ဖွဲ့ဝင်များက သွားရောက်ကာ ကူညီကယ် ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသ ည်။

“တစ်‌ယောက်သေ သုံးယောက် ဒဏ်ရာရတာပေါ့နော်။ တခြားခရီးသည်တွေကတော့ ထိခိုက်ဒဏ်ရာရတဲ့ လူမရှိပါဘူး။ ကားကတံတား လက်ရမ်းပေါ်ကိုခွပြီးရပ်သွားတာ ၊ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိသွားတဲ့ အနေအထားပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ “အောင်ကျော်မိုး” ခရီးသည်တင် Express ယာဉ်ပေါ်တွင် ယာဥ်မောင်း၊ယာဥ်နောက်လိုက်နှင့် ခရီးသည် (၅ ၅) ဦးလိုက်ပါလာပြီး ယခုဖြစ်စဥ်ကြောင့် အမျိုးသား (၁) ဦးသည် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ပြီး အမျိုးသား (၃)ဦးတွင်လည်း ထိခိုက်ဒ ဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် နေပြည်တော်ခုတင် ၁၀ ၀၀ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here