ကုန်တင်နာများနှင့် ဂတ်(စ်)တန်းစီသည့် ယာဉ်များကြောင့် အောက်ကြည့်မြင်တိုင်လမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေ

0
167

ယနေ့ ဧပြီလ (၄) ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ အောက်ကြည့်မြင်တိုင်လမ်းတစ်လျှောက်တွင် ကုန်တင်နာယာဉ်များ မောင်းနှင်နေမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြ စ်ပေါ်လျက်ရှိသည်။

နံနက် (၉) နာရီဝန်းကျင်မှ စတင်ကာ သီရိမင်္ဂလာဈေးသစ်အနီး ၊ ချောင်းဝ ၊ ရေကြောင်း ၊ ရွာမကွေ့ မှတ်တိုင်တို့မှ စတင်ကာ အလုံထီးတန်းဆိပ်ကမ်းအနီးအထိ ယာဉ်ကြော ပိတ်ဆို့မှုဖြစ်ကာ ယာဉ်များသွားလာရ ခက်ခဲနေခြင်း ဖြစ် သည်။

” ၉ နာရီလောက်တည်းက ပိတ်နေတာ ။ ကုန်တင်နာတွေ နဲ့ ကုန်ကားတွေ မောင်းနေလို့ ။ အကုန်ပိတ်ပြီး ရှေ့တိုးမရ နောက်ဆုတ်မရနဲ့ ” ဟု ယာဉ်ကြောပိတ်ဆို့မှု ကြုံတွေ့‌နေရသည့် အငှားယာဉ်မောင်း တစ်ဦးက ဆိုသည်။

ထို့အပြင် သီရိမင်္ဂလာဈေးဟောင်းနှင့် ဆင်မင်းဈေးမှတ်တိုင်အနီးမှ စတင်ကာ အလုံ သစ်တော မှတ်တိုင်အနီးအထိလည်း ဂတ်(စ်) တန်းစီနေသည့် YBS ယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here