နစက ဥက္ကဋ္ဌက ရုရှားကာကွယ်ရေး ဒု-ဝန်ကြီးအား သီရိပျံချီဘွဲ့တံဆိပ်ဂုဏ်ပြုချီးမြှင့်အပ်နှင်း

0
216

ရုရှားနိုင်ငံ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး Colonel General Alexander Vasilievich Fomin အား နစကဥက္ကဋ္ဌမှ ဧပြီ ၃ ရက်တွင် သီရိပျံချီဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို လက်ရောက်ချီး မြှင့်အပ်နှင်းခဲ့သည်။

ရုရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးအား ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်ခဲ့၍ စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ်ဖြစ်သည့် သီရိပျံချီဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်သည်။

သီရိပျံချီဘွဲ့သည် မြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးဖြစ်ထွန်းစေရေး ထူးကဲကောင်းမွန်စွာဆောင်ရွက်သူများကို ပေးအပ်ချီးမြှင့်သည့် ဘွဲ့တံဆိပ်ဖြစ်သည်ဟု နစကဥက္ကဋ္ဌကပြောသည်။

မြန်မာနိုင်ငံနှင့်နိုင်ငံသူ၊နိုင်ငံသားများ၏ အကျိုးစီးပွား၊ မြန်မာ့တပ်မတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်ပေးခဲ့သည့်အပြင် ရုရှား-မြန်မာ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းလာစေရန်ဆောင်ရွက်ပေးခဲ့၍ ရုရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး Colonel General Alexander Vasilievich Fomin အား စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ်ကို ချီးမြှင့်ပေးအပ်ခြင်းဖြစ် သည်ဟု ဆိုသည်။

“အဆွေတော်ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် မိမိတို့နှစ်နိုင်ငံနဲ့နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အမြင့်ဆုံးအခြေအနေကို ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

သီရိပျံချီဘွဲ့ရရှိခဲ့သည့် ရုရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး Colonel General Alexander Vasilievich Fomin မှလည်း ရရှိပြီးဖြစ်သည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများနှင့် ဆက်ဆံမှုများကို ပိုမိုတိုးမြှင့်ခိုင်မာစေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

“အခု ချီးမြှင့်ခံရတဲ့ စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နဲ့ထိုက်တန်တဲ့ ကြိုးစားဆောင်ရွက်မှုတွေကို ဆက်လက်ဆောင်ရွက်သွားပါမယ်” ဟု ရုရှားနိုင်ငံ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ဒု-ဝန် ကြီး Colonel General Alexander Vasilievich Fomin ကပြောကြားခဲ့သည်။

အခမ်းအနားသို့ နစကဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး Mr. Nikolay LISTOPADOV၊ စစ်သံမှူး Colonel Sergey KURCHENKO၊ ရုရှားသိပ္ပံအကယ်ဒမီအရှေ့တိုင်းလေ့လာရေးအင်စတီကျူ့ ၏ President Dr. Professor Vitaly Vyacheslavovich NAUMKIN နှင့်တာဝန်ရှိသူများလည်းတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here