၂၀၂၂ – ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၇၀၀ ကျော်ရရှိ

0
265

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ (၁) ရက်မှ မတ်လ (၂၄) ရက်အထိ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၇၄၅) သန်းကျော်ရရှိခဲ့ကြော င်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၀၅ ဒသမ ၂၉ သန်းကျော် ရရှိခဲ့သည့်အတွက် ယင်းဝင်ငွေထက် ကန်ဒေါ်လာ ၆၀ ဒသမ ၂၈ သန်းလျော့ကျခဲ့ကြောင်း သိရသ ည်။

မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်း Normal Trade နှင့် နယ်စပ်ကုန်သွယ် ရေလမ်းကြောင်း Border Trade မှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်သည်။

လက်ရှိကာလတွင် ပြည်ပရေထွက်ကုန်တင်ပို့မှုသည် ပုံမှန်အတိုင်း တင်ပို့နေသော်လည်း ကိုဗစ်ကာလ မတိုင်ခင်အခြေအနေသို့ ပြန်လည်မရောက်ရှိသေးဘဲ တင်ပို့မှုလျော့ကျနေဆဲဖြစ်ကြောင်း သိရသည်။

မြန်မာ့ရေထွက်ကုန်များကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန်နှင့် ဥရောပနိုင်ငံများ အပါအဝင် တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း ရေလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းများမှတဆင့် ငါး၊ ပုစွန်၊ ဂဏန်းစသည့် ရေထွက်ကုန် ပုံမှန်တင်ပို့နေခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ ငါးတင်ပို့မှုတွင် ငါးသလောက်၊ ကတ်ကတစ်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးတန်စသည့် အမျိုးအစား ၂၀ ကျော်တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here