နှစ် ၅၀ အတွင်း လကမ္ဘာပေါ်သို့ လူပို့ဆောင်မည့် မစ်ရှင်အတွက် ပထမဆုံး အာကာသယာဉ်မှူး လေးဦးကို နာဆာရွေးချယ်

0
208

အမေရိကန် အမျိုးသား အာကာသအေဂျင်စီ (နာဆာ) သည် နှစ် ၅၀ အတွင်း လူသားများအား လကမ္ဘာပေါ်သို့ ပြန်လည်စေလွှတ်မည့် အာတီမစ်တူး မစ်ရှင်တွင် ပထမဆုံးအကြိမ် လိုက်ပါသွားမည့် အာကာသယာဉ်မှူးများကို ဧပြီလ ၃ ရက် တနင်္လာနေ့တွင် ထုတ်ဖော်ပြသလာခဲ့သည်။

ထိုအာကာသယာဉ်မှူးများမှာ ရိ့ ဝှိုက်စ်မန်း၊ ဗစ်တာ ဂလဖ့်ဗာ၊ ခရစ်တီးနား ကုတ် နှင့် ဂျဲရမီ ဟန်ဆန် တို့ဖြစ်သည်။ အဆိုပါ အဖွဲ့တွင် ကနေဒါနိုင်ငံသား ဂျဲရမီ ဟန်ဆန်မှ လွဲ၍ ကျန်သုံးဦးမှာ အမေရိကန်နိုင်ငံသားများ ဖြစ်သည်။

ထူးခြားချက်အနေဖြင့် ခရစ်တီးနား ကုတ် သည် လကမ္ဘာခရီးစဉ်အတွက် တာဝန်ပေးခံရသည့် ပထမဆုံးသော အမျိုးသမီး အာကာသယာဉ်မှူး ဖြစ်လာပြီး ဗစ်တာ ဂလိုဗာ သည်လည်း အလားတူ ပထမဆုံး လူမည်း အာကာသယာဉ်မှူး ဖြစ်လာသည်။

အဆိုပါ အာကာသယာဉ်မှူးများအဖွဲ့သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ကမ္ဘာမြေမှ စတင်ထွက်ခွာရန် စီစဉ်ထားသည်။ ထိုအာကာသယာဉ်မှူးများသည် လပေါ်သို့ ဆင်းသက်သွားမည် မဟုတ်သော်လည်း နောင်လာမည့် အာကာသယာဉ်မှူးများ ဆင်းသက်နိုင်ရန်အတွက် လမ်းခင်းပေးသွားမည်ဟု သိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here