တရုတ်နှင့်ဂျပန်တို့ ဆက်ဆံရေးတိုးမြှင့်ရန်ကတိပြု

0
184

ပေကျင်း၊ဧပြီ ၄

တရုတ်ဝန်ကြီးချုပ် မစ္စတာလီချန်သည် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာရိုရှီမာဆာဟာယရှိနှင့် တနင်္ဂနွေနေ့က ပေကျင်း၌တွေ့ဆုံခဲ့ကြောင်းသိရသည်။

ယင်းသို့တွေ့ဆုံရာ၌ တရုတ်နှင့်ဂျပန်တို့သည်အိမ်နီးချင်းများနှင့် အရေးပါသောအာရှနိုင်ငံများဖြစ်ကြောင်း လီကပြောကြားခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားသာမက ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့ကိုပါ အကျိုးပြုကြောင်းပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ် – ဂျပန် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးစာချုပ်ကို လက်မှတ်ရေးထိုးခြင်း၏ ၄၅ နှစ်မြောက် နှစ်ပတ်လည်လည်းဖြစ်သည်။

ယင်းနောက်မစ္စတာလီက တရုတ်နှင့်ဂျပန်တို့သည် အရေးကြီးသော စီးပွားရေးနှင့်ကုန်သွယ်မှု မိတ်ဖက်များဖြစ်ကြောင်းပြောကြားခဲ့ပြီး နှစ်ဘက်စလုံးသည် စီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုကြီးမားအောင်လုပ်ဆောင်သင့်သည်ဟုလည်းပြောကြားခဲ့သည်။

မစ္စတာဟာယရှိကလည်း ၎င်းတို့နှစ်နိုင်ငံသည် ကျယ်ပြန့်သောနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းများရှိကြောင်းပြောကြားခဲ့ပြီး ဂျပန်သည် တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ကတိပြုထားကြောင်းလည်းပြောကြားခဲ့သည်။

ယင်းနောက်မစ္စတာဟာယရှိက ဂျပန် – တရုတ် ငြိမ်းချမ်းရေးနှင့်ချစ်ကြည်ရေးစာချုပ် ၄၅ နှစ်ပြည့်အထိမ်းအမှတ်မှတစ်ဆင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဖြည့်ဆည်းအကောင်ထည်ဖော်သွားရန်ဆန္ဒရှိသည်ဟုလည်းဆိုခဲ့သည်။

Source -Xinhua


LEAVE A REPLY

Please enter your comment!
Please enter your name here