ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား (၁၃၆) ဦး မြဝတီ – မဲဆောက် အမှတ်(၂) တံတားမှတဆင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာ

0
125

ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေရာမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသား (၁၃၆) ဦးသည် ဧပြီ (၄) ရက်တွင် မြဝတီ – မဲဆောက် အမှတ် (၂)ချစ်ကြည်ရေးတံတားမှတဆင့် ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား မြဝတီမြို့တွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုလက်ခံကာ လိုအပ်သည့် စစ်ဆေးမှုများပြု လုပ်ဆောင်ခဲ့ကြသည်။

ပြန်လည်ဝင်ရောက်လာသူ (၁၃၆) ဦး အနက် ပဲခူးတိုင်း၊မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် နေထိုင်သူများအား မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် (၁၀) ရက်ကြာ ကန့်သတ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

အခြားတိုင်းနှင့် ပြည်နယ်များတွင် နေထိုင်သူများအား ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မဲကနယ် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် (၁၀) ရက်ကြာ အသွားအလာကန့်သတ်ထားရှိပြီး ကိုဗစ် ၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပြီးမှသာ သက်ဆိုင်ရာမြို့နယ်များသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊မြဝတီ – မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် ပြန်လည်ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်(၁) ရက်မှစတင်ကာ ဆောင်ရွက်ပေး‌နေခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here