မြန်မာ အမျိုးသမီးအသင်းနှင့် အီရန် အမျိုးသမီး လက်ရွေးစင်အသင်းတို့ ယနေ့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်

0
240

၂၀၂၄ ပါရီ အိုလံပစ်၊ အမျိုးသမီး ဘောလုံး အာရှဇုန် ခြေစစ်ပွဲ ပထမအကျော့အဖြစ် မြန်မာအမျိုးသမီးအသင်းနှင့် အီရန် အမျိုးသမီး လက်ရွေးစင်အသင်းတို့ ယနေ့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ အမျိုးသမီးအသင်း နှင့် အီရန်အမျိုးသမီးအသင်းတို့ ၂၀၂၄ ပါရီ အိုလံပစ်၊ အမျိုးသမီး ဘောလုံး အာရှဇုန် ခြေစစ်ပွဲ ပထမအအဆင့် အုပ်စု (ခ)ပွဲစဉ်များအဖြစ် မြန်မာအသင်းနှင့် အီရန်အသင်းတို့ ၂ကျော့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအား ပဏာမ ကစားသမား ၃၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး တရုတ်နိုင်ငံတွင် လေ့ကျင့်ခြေစမ်းခရီးအပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ အပြီးသတ်လူစာရင်းတွင် စုစုပေါင်း ကစားသမား (၂၂)ဦးကို နည်းပြချုပ် ဒေါ်သက်သက်ဝင်းမှ ထုတ်ပြန်ထားသည်။

ယနေ့ ညနေ ၄ နာရီတွင် ယှဉ်ပြိုင်မည့်ပွဲစဉ်တွင် မြန်မာအသင်းအနေဖြင့် အင်္ကျီ အဖြူရောင်ကို ဝတ်ဆင်ကစားမည်ဖြစ်ပြီး အီရန်အသင်းအနေဖြင့် အကျီ အနီရောင်ဝတ်ဆင်ကစားသွားမည်ဖြစ်သည်။

မြန်မာအသင်းနှင့် အီရန်အသင်းတို့သည် ဧပြီ (၅)ရက် နှင့် (၈)ရက်၊ မြန်မာ စံတော်ချိန် ညနေ (၄)နာရီ အချိန် သုဝဏ္ဏ ဘောလုံးကွင်းတွင် ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး နှစ်ပွဲပေါင်း ရမှတ် အများဆုံး ရရှိသည့်အသင်းသည် ၂၀၂၄ ပါရီ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ဒုတိယ အဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

၂ ပွဲကစားပြီး ရမှတ်တူနေပါက ၈ ရက်နေ့ ယှဉ်ပြိုင်မည့်ပွဲစဉ် အပြီးတွင် အချိန်ပို ၃၀ မိနစ် ဆက်လက် ကစားမည်ဖြစ်ပြီး ပွဲကစားချိန်အတွင်း အနိုင်အရှုံးရလဒ် မပေါ်ခဲ့လျင် ပင်နယ်တီ အဆုံးအဖြတ် ဆက်လက်ခံယူရမည်ဖြစ်သည်။

ပုံစာ – မြန်မာ အမျိုးသမီးအသင်းနှင့် အီရန် အမျိုးသမီး လက်ရွေးစင် အသင်းတို့ ဧပြီလ ၄ ရက် ညနေပိုင်း က Officail Training အဖြစ် သုဝဏ္ဏကွင်းတွင် လေ့ကျင့်နေစဉ်


LEAVE A REPLY

Please enter your comment!
Please enter your name here