ယမန်နေ့ ညက တစ်နိုင်ငံလုံး မီးပျက်ခဲ့ခြင်းမှာ သာယာကုန်း ပင်မဓာတ်အားခွဲရုံ ဗုံးခွဲတိုက်ခိုက်ခံရ၍ဖြစ်ကြောင်း YESC ပြော

0
314

ဧပြီ (၄) ရက် ည(၉) နာရီခွဲ ဝန်းကျင်ကစတင်ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မီးပြတ်တောက်ခဲ့ရခြင်းမှာ ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ်ရှိ သာယာကုန်း ပင်မဓာတ်အားခွဲရုံ ဗုံးခွဲတိုက်ခိုက်ခံရခြင်းကြောင့်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က အသိပေးထုတ်ပြန်ထားသည်။

သာယာကုန်း ပင်မဓာတ်အားခွဲရုံအား ဧပြီလ (၄) ရက် ည ၉ နာရီခွဲဝန်းကျင်က Drone ဖြင့် ဗုံး (၁၀) လုံးခန့် ပစ်ချဖေါက်ခွဲတိုက်ခိုက်မှုကြောင့် ဓာတ်အားခွဲရုံအတွင်းရှိ ဗို့အားမြင့် လျှပ်စစ်ပစ္စည်းများ ချို့ယွင်းပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို လျှပ်စစ်ပစ္စည်းများ ချို့ယွင်းပျက်စီးမှုကြောင့် ဓာတ်အားစနစ်တစ်ခုလုံး ဓာတ်အားပြတ်တောက်မှု (System Breakdown) ဖြစ်ပေါ်ခဲ့ပြီး တစ်နိုင်ငံလုံး ဓာ တ်အားပြတ်သည့်အပြင် ဓာတ်အားခွဲရုံမှ ဝန်ထမ်းများပါ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း YESC ၏ အဆိုအရ သိရသည်။

အဆိုပါ သာယာကုန်း ဓာတ်အားခွဲရုံ ချို့ယွင်းမှုကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းမှ ဓာတ်အားများ ရန်ကုန်နှင့် မြန်မာနိုင်ငံတောင်ပိုင်းသို့ အပြည့်အဝပို့လွှတ်နိုင်မှုမရှိဘဲ ဝန်အားထိန်းညှိလျှက် ဓာတ်အားဖြန့်ဖြူးမှုများ ဆောင်ရွက်ရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here