Federal School of AungMyay Thar Zan အမည်ဖြင့် Online မှ စာသင်ကြားမှုအား ဦးဆောင်သူနှင့် ပါဝင်ပတ် သက်သူ အချို့ကို ဖမ်းဆီး

0
200

Federal School of Aung Myay Thar Zan အမည်ဖြင့် တရားမဝင် ပညာသင်ကြားခြင်းအား Online စနစ်ဖြင့်ဆောင်ရွက်သူ ကျောင်းတာဝန်ခံ အိရွှေစင်မြင့် အပါအ ဝင် (၁၅) ဦးအား ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း နစကက သတင်း ထုတ်ပြန်ထားသည်။

Federal School of Aung Myay Thar Zan ၏ တာဝန်ခံဖြစ်သူ အိရွှေစင်မြင့်အား မန္တလေးတိုင်း ၊ အောင်မြေသာစံမြို့နယ်ရှိ ၎င်း၏ နေအိမ်တွင် မတ်လ (၂၂) ရက်က ဖမ်းမီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးရမိပြီး ၎င်းအား စစ်ဆေးချက်အရ ၎င်းနှင့်အတူ Federal School of Aung Myay Thar Zan တွင်သင်ကြားရေးဆောင်ရွက်နေသည့် တင်တင်လတ်၊ စန်းစ န်းဝင်း၊ ခိုင်မာသန်း၊ နေကြည်ဝင်း၊ ခင်ကြည်မာဝေ၊ အေးမြတ်မွန်၊ ကျော်စန်းထွေး၊ ဇော်မျိုးထွန်း ၊ ခင်နွယ်ဦး၊ယဉ် ယဉ်မင်း၊ ခင်မြတ်နိုး၊ ခိုင်မာဖြိုး၊ အိအိအောင်နှင့် ချောစုသန်း(စုစုပေါင်း ၁၄ ဦး)တို့အား ၎င်းတို့၏ နေအိမ်အသီး သီးမှ ထပ်မံ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း နစကက သဘတင်းထုတ်ပြန်သည်။

အဆိုပါ ဖမ်းဆီးခံရသူများသည် Federal School of Aun g Myay Thar Zan အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစ တင်၍ Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြားခဲ့ပြီး ကျောင်း သား/ကျောင်းသူများထံမှ ကောက်ခံရသည့် ငွေကြေးများအား PDF အဖွဲ့များထံ ထောက်ပံ့ပေးခဲ့ကြောင်း ဖော် ထုတ်သိရှိခဲ့ရသည်ဟု ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူများအား ဥပဒေအရ ထိရော က်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိပြီး ငွေကြေးထောက်ပံ့မှုများ၊ ပူးပေါင်းပါဝင်သူများကိုလည်း ဖော်ထုတ်ဖမ်းဆီးနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် တရားမဝင်ပညာသင်ကြားမှုအစီအစဉ်၌ စာရင်းပေးသွင်း၍ အတန်းများတက်ရောက်စေခဲ့သည့် မိဘများနှင့် ကျောင်းသား/ကျောင်းသူများကိုလည်း ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here