ရန်ကုန် အရိုးအကြောဆေးရုံရှေ့တွင် ခရီးသည်ထိုင်ခုံအောက်မှ မီးခိုးများထွက်ပြီး Taxi တစ်စီး မီးလောင်

0
197

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဟံသာဝတီလမ်းရှိ အရိုးအကြောဆေးရုံရှေ့တွင် ဧပြီ (၄) ရက်ည (၇) နာရီဝန်းကျင်က အငှားယာဥ်(Taxi) တစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

မီးလောင်ကျွမ်းသည့် အငှားယာဉ်မှာ အရိုးဆေးရုံရှေ့အရောက်တွင် ခရီးသည်ထိုင်‌ခုံအောက်မှ မီးခိုးများထွက်လာကာ ကားစက်ရပ်သွားပြီး မီးစတင်လောင်ကွမ်းခဲ့ခြင်း ဖြစ်ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းမှ သိရသည်။

“မီးလောင်ပြီး ကားတစ်စီးလုံး ပျက်စီးသွားတယ်။ လူထိခိုက်တာတော့မရှိပါဘူး။ ကားပေါ်မှာက ကားမောင်းတဲ့ လူတစ်ယောက်ပဲပါတယ်။ ဖြစ်စဥ်ကို ကားမောင်းတဲ့လူပြောပြသလောက်ဆိုရင် ကားနောက်ခန်း ခရီးသည်လိုက်တဲ့ ခုံအောက်က မီးခိုးတွေထွက်လာပြီး ကားစက်ရပ်သွားတယ်တဲ့။ အဲဒါနဲ့ ဆင်းကြည့်နေတုန်း မီးထလောင်တာလို့ သိရတယ်” ဟု အနာဂတ် အလင်းတန်း ပရဟိတအသင်း ဥက္ကဋ္ဌက ပြောသည်။

အဆိုပါ Taxi ယာဉ် မီးလောင်ကျွမ်းသည့် နေရာသို့ ကြည့်မြင်တိုင်မြို့နယ် မီးသတ်စခန်းနှင့် ကမာရွတ်မြို့နယ်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ရေးယာဉ်များနှင့်လူမှုကူညီရေးအဖွဲ့များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည့်အတွက် မိနစ် ဝန်းကျင်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here