ဘုရင်မ ဂုဏ်ပုဒ်ကို ပထမဆုံးအကြိမ် တရားဝင် အသုံးပြုခွင့်ရလာသော ချားလ်စ်ဘုရင်၏ ကြင်ယာတော် ကမီလာ

0
317

အဲလိဇဘက် ဘုရင်မကြီး ဆုံးပါးသွားပြီးနောက် တတိယမြောက် ချားလ်စ်ဘုရင်၏ ဇနီးဖြစ်သူ ကမီလာသည် ပထမဆုံးအကြိမ်အဖြစ် ဘုရင်မဂုဏ်ပုဒ်ကို တရားဝင် အသုံးပြုခွင့်ရလာခဲ့ပြီ ဖြစ်သည်။

ချားလ်စ်ဘုရင်၏ နန်းတက်ပွဲအတွက် ဘတ်ကင်ဟမ် နန်းတော်မှ ဧပြီလ ၄ ရက် အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည့် ဖိတ်စာတွင် ကမီလာအား ဘုရင်မ ဟူ၍ ရေးသားဖော်ပြခဲ့သည်။

ထိုအဖြစ်အပျက်မတိုင်မီ ကမီလာ အား ချားလ်စ်ဘုရင်၏ ဇနီးဖြစ်သော်လည်း ကြင်ယာတော်မိဖုရား ဟုသာ ခေါ်ဝေါ်သုံးနှုန်းခဲ့ကြသည်။ အကြောင်းအရင်းမှာ အဲလိဇဘက် ဘုရင်မနှင့် ကမီလာကြား ကွဲကွဲပြားပြား သိစေလိုသောကြောင့် ဖြစ်နိုင်ကြောင်း တော်ဝင်သတင်းရင်းမြစ်ကို ကိုးကား၍ ပီအေ မီဒီယာက ရှင်းပြထားသည်။

နန်းတက်ပွဲ ဖိတ်စာကို ဧည့်သည် နှစ်ထောင်ဆီ ပေးပို့သွားမည်ဖြစ်ပြီး နန်းတက်ပွဲကိုမူ မေလ ၆ ရက်နေ့တွင် ဝက်စ်မင်စတာ အက်ဘေ ဘုရားကျောင်းကြီး၌ ကျင်းပသွားမည်ဟု သိရသည်။

Source:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here