Road To A Star သရုပ်ဆောင်အနုပညာသင်တန်းကျောင်းရဲ့စာနယ်ဇင်းရှင်းလင်းပွဲအခမ်းအနား

0
476

Road To A Star သရုပ်ဆောင်အနုပညာသင်တန်းကျောင်းနဲ့ပတ်သက်ပြီးစာနယ်ဇင်းရှင်းလင်းပွဲအခမ်းအနားကို ယနေ့ ဧပြီလ ၅ ရက်နေ့လည် ၁ နာရီမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါစာနယ်ဇင်းရှင်းလင်းပွဲကို ဝါရင့်အနုပညာရှင်များဖြစ်တဲ့ ရန်အောင် ၊ ရဲအောင် ၊ စိုးမြတ်သူဇာ ၊မေသဉ္ဇာဦးတို့ မှတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

Road To A Star သရုပ်ဆောင်အနုပညာသင်တန်းကျောင်းကို လာမယ့် မေလ ၂၅ ရက်နေ့မှာဖွင့်လှစ်သွားမှာဖြစ်ပြီး ဝါရင့်အနုပညာရှင်များဖြစ်တဲ့ ရန်အောင် ၊ ရဲအောင် ၊ ခန့်စည်သူ ၊ စိုးမြတ်သူဇာ ၊ မေသဉ္ဇာဦးတို့ မှသင်တန်းသားများကိုသင်ကြားပြသပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here